ကလေးငယ်များဝမ်းလျှောသည့် အခါအသုံးဝင်သော လမ်းညွှန်ချက်များ
28-Oct-2018
၁။ အမြဲစားနေကျ အစာများကိုကောင်းမွန်စွာ ချက်ပြုတ်ခြင်းဖြင့်
အစာကြေလွယ်ပါစေ။(ဥပမာ-ထမင်း၊ ပြောင်းဖူး၊ အာလူး၊ ခေါက်ဆွဲ)
၂။ စားနေကျအစာများကို ခပ်ပျော့ပျော့ချေထားသော အစာများ
(ဥပမာ-ဆန်ပြုတ်) စသည်တို့ကို ကျွေးပါ။
၃။ စားနေကျ အစာများကို စားရာတွင် စွမ်းအင်ပိုမိုရရှိအောင်
ဟင်းရွက်ဆီ တစ်ဇွန်းမှနှစ်ဇွန်းခန့် ရောစားပါ။
၄။ စားနေကျအစာများကို ကောင်းမွန်စွာချက်ထားသော ပဲအမျိုးမျိုး၊
အခွံမာသီး၊ ဟင်းသီးဟင်းရွက်များနှင့် ရော၍ကျေျွးပါ။ အကယ်၍တတ်နိုင်ပါက ဥများ၊ အသားငါးပါရော၍ကျွေးပါ။
၅။ ဝမ်းသွားစဉ် ပိုတက်ဆီယမ် ဆုံးရှုံးသွားသဖြင့် ပိုတက်ဆီယမ်ကြွယ်ဝသော
အစားအစာ(ဟင်းနုနယ်၊ သင်္ဘောသီး၊ အုန်းရည်) များကိုကျွေးပါ။
၆။ သကြားများများထည့်ထားသော ရောင်းတမ်း သစ်သီးဖျော်ရည်များ၊
ကော်ဖီ၊ လက်ဖက်ရည်များကိသည် ဝမ်းကိုပိုမိုသွားစေပြီး အရည်ဓာတ်ကိုလည်း ပိုမိုခန်းခြောက်စေသည်။
Ref:
ဒေါက်တာလှဖေ
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

