Print

Kidney cysts (ကျောက်ကပ်ရေအိတ်တည်ခြင်း)

  28-Oct-2018
Preview Image

ကျောက်ကပ်ရေအိတ်တည်ခြင်း ဆိုသည်မှာ ကျောက်ကပ်ထဲတွင် အရည်ပါပြီး လုံးဝန်းသောအိတ်များ ဖြစ်နေခြင်းကို ဆိုလိုသည်။

 

လက္ခဏာများ

ပုံမှန်အားဖြင့် ကျောက်ကပ်ရေအိတ်တည်လျှင် လက္ခဏာ မပြတတ်သော်လည်း အရမ်းကြီးလာလျှင်မူ

-      ခါး/ကျော နာခြင်း

-      အဖျားတက်ခြင်းနှင့်

-      ဗိုက်အပေါ်ပိုင်း နာခြင်းတို့ ဖြစ်တတ်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ

ကျောက်ကပ်၏ မျက်နှာပြင်လွှာ လျော့ရဲကာ အိတ်ဖြစ်လာပြီး အရည်တွေနှင့် ပြည့်လာကာ နောက်ဆုံးတွင် ကျောက်ကပ်ရေအိတ် ဖြစ်လာခြင်းဖြစ်သည်ဟု ယူဆကြသည်။

 

ဖြစ်နိုင်ချေများသူများ

ကျောက်ကပ်ရေအိတ်တည်ခြင်းသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အသက်ကြီးသူများနှင့် အမျိုးသားများတွင် ပိုဖြစ်နိုင်သည်ကို တွေ့ရှိရသည်။

 

နောက်ဆက်တွဲပြဿနာများ

ကျောက်ကပ်ရေအိတ်တည်ခြင်းမှတဆင့်

. ရေအိတ်ပိုးဝင်ကာ ဖျားခြင်းနှင့် နာကျင်မှုများ ခံစားရခြင်း

. ရေအိတ်ပေါက်ထွက်ကာ နောက်ကျောနှင့် ခါးဘေး နာကျင်ခြင်း

. ကျောက်ကပ်ရေအိတ်ကြောင့် ပုံမှန်ဆီးသွားမှုကို နှောင့်နှေးစေကာ ကျောက်ကပ်ဖောင်းလာခြင်းအစရှိသော ပြဿနာများ ဖြစ်စေနိုင်သည်။



ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ

ကျောက်ကပ်ရေအိတ်တည်ခြင်းသည် မကုသဘဲထားပါက ဆိုးရွားလာနိုင်သည့်အတွက် စောစီးစွာ ကုသမှု ခံယူနိုင်ရန် ရောဂါလက္ခဏာများ စတင်ခံစားရသည်နှင့် ဆရာဝန်ထံ သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ

ရောဂါ ရှာဖွေသိရှိနိုင်ရန် ရောဂါခံစားနေရပုံအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် အာထရာဆောင်းရိုက်ခြင်း၊ ကျောက်ကပ်ကို CT scan၊ MRI scan ရိုက်ခြင်း၊ သွေးစစ်ခြင်းများဖြင့် စစ်ဆေးနိုင်ပါသည်။

 

ကုသခြင်း

ကျောက်ကပ်ရေအိတ် တည်ခြင်းသည် ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် မဖြစ်ပါက ကုသမှု ခံယူရန် မလိုပေ။ သို့သော် ဓာတ်မှန်ရိုက်ချက်များအရ ပိုကြီးလာပါက ရေအိတ်ကို ဖောက်ကာ အရည်များကို ဖောက်ထုတ်ပစ်ခြင်း၊ ရေအိတ်ကို ခွဲစိတ်ကာ ဖယ်ထုတ်ပစ်ခြင်းနည်းများဖြင့် ကုသနိုင်သည်။

 

Paing

Ref: Mayo Clinic

 

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18