ရေဓါတ်ပြန်လည်ဖြည့်သွင်းခြင်း (Oral Rehydration Therapy)
22-Sep-2018
ရေဓါတ်ပြန်လည်ဖြည့်သွင်းကုသခြင်းဆိုတဲ့ Oral
Rehydration Therapy ဟာ ဝမ်းသွားခြင်း ၊ ဝမ်းကိုက်ရော ဂါနဲ့ တခြား ဗိုင်းရပ်တွေကြောင့်ဖြစ်တဲ့ ရေဓါတ်ဆုံးရှုံး
သွားခြင်းတွေကို ပြန်လည်ဖြည့်တင်းပေးတဲ့ ရိုးရှင်းသော
ကုသမှုတစ်ခုဖြစ်ပါတယ်။
ORT မှာ ဆားနဲ့ သကြားဒြပ်ပေါင်းတွေ ပါဝင်ပြီး ပါးစပ်ကနေပဲ
ရိုးရိုးသောက်သုံးရ ခြင်း ဖြစ် ပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးမှာ အသုံးပြုနေကြပြီး ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အလွန်ကို
အရေး ကြီးပါ တယ်။ နှစ်စဉ်နှစ်တိုင်းမှာ ORT ဟာ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်သန်းပေါင်းများစွာကို
ဝမ်း သွားခြင်း မှ တဆင့် သေဆုံးခြင်းကို ကယ်ဆယ်ပေးနိုင်ပါတယ် ။ ORT ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပေမယ့်
ဆိုလိုရင်းကတော့ရေဓါတ်ပြန်လည်ဖြည့်တင်းပေးခြင်း ( Rehydration ) ပဲဖြစ်ပါတယ်
။ ၁၉၈၀ ခုနှစ် အစောပိုင်းကာလတွေမှာ ORT ကို WHO နဲ့ UNICEF မှ တရားဝင် ဆေးရည်
(official solution ) ညွှန်ကြားမှုအရသာလျှင် အဓိပ္ပါယ်သတ်မှတ်ပါတယ် ။ ၁၉၈၈ နောက် ပိုင်းမှာတော့
အိမ်တွင်းမှာပါအသုံးပြုလို့ရတဲ့အရည် အဖြစ်ပြောင်းလဲသတ်မှတ်
လာကြပါတယ် ။
ဘာကြောင့် လည်းဆိုတော့ Official
preparation တွေဟာ လိုအပ်တဲ့အချိန်မှာ အလွယ်တကူ အမြဲတမ်း မရရှိနိုင်တဲ့ အတွက်ဖြစ်ပါတယ်
။ ၁၉၈၈ မှာပဲ သင့်လျှော်တဲ့ ကြီးကြပ်ကုသမှုနဲ့ အစာကိုပါ ဆက်လက်တိုက်ကျွေးရမယ်ဆိုပြီး
ပြင်ဆင်ကြေငြာခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ်မှာတော့ ORT ကို ရေဓါတ်ပြန်လည်ဖြည့်ပေးနိုင်တဲ့အရည်မှန်သမျှ အကျုံးဝင်တယ်လို့ ပြောင်းလဲခဲ့ပြန်ပါတယ်
။ နောက်ဆုံး ၁၉၉၃ ခုနှစ်ကနေ ယနေ့အထိကတော့ ORT ဆိုတာ ဟာ ရေဓါတ်ပြန်လည်ဖြည့်ပေးနိုင်သော
အရည်ကိုတိုက်ကျွေးရမှာဖြစ်ပြီး အစာကိုလည်း ဆက်လက် တိုက်ကျွေး
ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။
လတ်တလော WHO/UNICEF guideline တွေအရ ORT ကို အိမ်မှာပဲ
home fluids အနေနဲ့ စတင် တိုက်ကျွေးသင့်ပါတယ် ။ ဝမ်းသွားခြင်းကြောင့် ရေနဲ့ဓါတ်ဆားဆုံးရှုံးခြင်းကို ကာကွယ်ဖို့အတွက် အိမ်မှာပဲ ဆားနဲ့သကြားကို
ဖျောပြီး Sugar and salt solution အဖြစ် စတင်တိုက်ကျွေးသင့်တယ်လို့ဆိုပါတယ် ။ အချိန်
တိုင်းမှာ အစာကိုတော့ ကျွေးနေရမှာဖြစ်ပါတယ် ။ ပထမ တိုက်ကျွေးတဲ့အရည်ဟာ သင့်တော် တဲ့
အနေအထား တစ်ခုအထိ ရောက်ရှိပြီးတဲ့ အခါမှာတော့ တိုက်ကျွေးတဲ့စနစ်ကို Official
preparation ဖြစ်တဲ့ ORS ( Oral rehydration salt) ဓါတ်ဆားထုပ်ကို သင့်တော်တဲ့ အချိန်အဆနဲ့
ရေဓါတ်ပြန်လည်ဖြည့်တင်းဖို့နဲ့ Electrolyte တွေ ပုံမှန်ဖြစ်စေဖို့အတွက်တိုက်ကျွေးပေးရမှာဖြစ်ပါတယ် ။ အိမ်မှာပ ထမဆုံးအရည်တိုက်ကျွေးတဲ့အဆင့်
မှာတော့ တိုက်ကျွေးတဲ့အရည်ကို ရွေးချယ်တဲ့နေရာမှာ ဂရုစိုက်ပေးဖို့လိုပါတယ် ။
တိုက်ကျွေး
တဲ့အ ရည်ထဲမှာ သကြားရော ဆားရောဟာ သင့်တော်တဲ့ ပမာဏပါဝင်ရပါမယ် ။ သကြားနဲ့ဆား မပါဝင်တဲ့အ
ရည်တွေ တိုက်ကျွေးခြင်းကိုတော့ ရှောင်ရှားရမှာဖြစ်ပါတယ် ။ ဆားမပါတဲ့ အရည်ဟာလည်း ခန္ဓာကိုယ်မှာ
sodium တွေနည်းပါးစေပြီး hyponatremia ဆိုတဲ့အခြေအနေကိုဖြစ်စေပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဝမ်းသွား
တဲ့အခါ ခန္ဓာကိုယ်မှာ ဆား (sodium) တွေပါဝင်သွားပြီး ဆုံးရှုံးသွားတဲ့အတွက်ဖြစ်ပါတယ်
။ ဒါ့အပြင်သကြားကိုလည်း တိုက်ကျွေးတဲ့အရည်ထဲမှာ ထည့်သွင်းပေးရမှာဖြစ်ပါတယ်
။ ဘာကြောင့် လည်း ဆိုတော့ အူထဲကနေ SGLT 1 transproter မှတဆင့် ဆားဓါတ်တွေကို စုပ်ယူတဲ့အခါမှာ သကြား ဓါတ်နဲ့ တွဲစပ်နေ တဲ့အတွက်ဖြစ်ပါတယ် ။
အိမ်တွင်းအရည်တိုက်ကျွေးမှုအဆင့်မှာ ORS အပြင် ဆားခတ်ထားတဲ့ထမင်းရည်
ဆားပါဝင်တဲ့ ဒိန်ချဉ် နဲ့ အသီးအရွက်များ ဆားခပ်ထားတဲ့ ကြက်စွပ်ပြုတ်ရည်စသည်တို့ တိုက်ကျွေးနိုင်ပါတယ်
။ ဓါတ်ဆား ရည်ဖျော်တဲ့ အခါမှာလည်း ရေသန့်ကိုသုံးဖို့လိုပါတယ် ။ သစ်သီးဖျော်ရည်တွေနဲ့တခြားအချိုရည်တွေ
၊ ကော်ဖီနဲ့လက်ဖက်ရည် စတဲ့ ဆီး သွားစေတဲ့ဖျော်ရည်တွေ ကဖင်းဓါတ်အများကြီး ၊ သကြားဓါတ်အများကြီးပါတဲ့
အရာတွေ ကိုတော့ရှောင် ရှားရမှာဖြစ်ပါတယ် ။ ဒါ့အပြင် တိုက်ကျွေးမယ့်အရည်ထဲမှာ
သကြားဓါတ် osmoloarity များတဲ့ (သိပ်သည်း ဆများသော) အရည်တွေဟာ ဝမ်းသွားခြင်းကို ပိုဆိုးသွားစေပါတယ်
။ ဘာကြောင့်လည်းဆိုတော့ ဒီ သိပ်သည်း ဆများတဲ့သကြားတွေဟာ ခန္ဓာကိုယ်အတွင်းမှ ရေတွေကို
အပြင်ကို ဆွဲထုတ်သွားပြီး အူအတွင်းမှာ ရေတွေကို များစေပါတယ် ။
အဓိပ္ပါယ်သတ်မှတ်ချက်အရ ORT ကို လုံလောက်သော အာဟာရ ရှိတဲ့
မည်သည့်နေရာတွင်မဆို ရရှိနိုင်ပါတယ် ။ အသင့်စမ်း သပ်ထုတ်လုပ်ထားတဲ့ ဓါတ်ဆားထုတ်တွေကိုလည်း
ရေ 1 liter နဲ့ရောပြီး ( ရေသန့်ဗူးတစ်ဗူး ) မွှေနှောက်သောက် သုံးနိုင်ပါတယ် ။ တခြားစက်မှု
လုပ်ငန်းတွေက ထုတ်တဲ ဓါတ်ဆားထုပ်တွေလည်းရှိပါတယ် ။ UNICEF ကနေထုတ်လုပ်တဲ့ ဓါတ်ဆားထုပ်တွေလည်း
အလွယ်တကူရရှိနိုင်ပါတယ် ။ ၁၉၉၆ ခုနှစ်မှာ UNICEF ဟာ ဖွဲ့ဖြိုးဆဲ နိုင်ငံ ၆၀ ကို ဓါတ်ဆားထုပ်
၅၀၀ မီလီယံ ဖြန့်ဖြူးပေးခဲ့ပါတယ် ။ တခြား ဆေးဝါးထုတ်လုပ်ငန်းတွေက ထုတ်လုပ်တဲ့ဓါတ်ဆားထုပ်တွေမှာတော့ ပါဝင်တဲ့အချိုးအစား အနည်း ငယ်ပြောင်းလဲမှု ရှိနိုင်ပြီး
ဈေးကွက်ထဲမှာ ဘယ်လို အချိုးအစားပါဝင်တဲ့ ORS တွေကိုပဲ ထုတ်လုပ် တင်သွင်းဖြန့်ဖြူးရမယ်လို့တော့
ကန့်သတ်ထားခြင်းမရှိပါဘူး ။ တချို့ဓါတ်ဆား ထုပ်တွေမှာတော့ သောက်
ရကောင်းအောင် အရသာကောင်းအောင် သကြားထပ်ထည့်ခြင်းအနံံ့အရသာ ထည့်ခြင်းများ ပြုလုပ်ပြီး
ဥပမာ အားဖြင့် US မှာဆိုရင် Pedialyte ဟာ ဓါတ်ဆားထုပ်ကိုအရောင်အနံ့အရသာပြောင်းလဲပြီး ထုတ်လုပ် ဖြန့်ဖြူးပါ တယ် ။
WHO နဲ့ UNICEF ကတော့ တရားဝင် official guidline ကိုအသုံးပြုပြီး
ဓါတ်ဆားထုပ်တွေဖြန့်ချီပါတယ် ။ ဓါတ်ဆား ထုပ်တွေမှာ Osmolarity နည်းအောင်စွမ်းဆောင်ထားပါတယ် ။ ဒီ guidelines တွေကို ပဲအသုံး ပြုပြီးတော့
ထုတ်လုပ်သူတွေက commercial ORS packets တွေကို ထုတ်လုပ်ပြီး ၂၀၀၆ ခုနှစ်မှာ တွင်ကျယ်လာခဲ့ပါတယ် ။ Reduced osmolarity ဆိုတာ osmolarity စုစုပေါင်း
245 mmol/L ရှိတာကိုဆို လိုပါတယ် ။ ဝမ်းသွားတဲ့ရောဂါအတွက် ကုသဖို့အတွက် zinc ကို ထပ်ထည့်ပြီးအသုံးပြုကြပါတယ် ။ အထူးသဖြင့် ကလေးငယ်တွေအတွက်ပါ ။ ဇင့်ကို
ထပ်ထည့်ပြီးအသုံးပြုခြင်းအားဖြင့် ဝမ်းသွားခြင်းကြောင့် ရေ ဓါတ်နည်းနေ
တဲ့ကလေးငယ်တွေမှာ ရောဂါ ပြင်းထန်မှုနှုန်းနဲ့ ကြာချိန်ကို လျော့နည်းစေ ပါတယ် ။ လူကြီးတွေအတွက်
zinc sulfate solution အနေနဲ့ ရရှိနိုင်ပြီး ကလေးငယ်တွေမှာလည်း ရရှိနိုင်ပါတယ် ။ ကလေးတွေအ
တွက် ဆေးပြားတွေ လည်းရှိပါတယ် ။ ရေဓါတ်ဆုံးရှုံးခြင်းနှင့် ပြန်လည်ဖြည့်တင်းပေးခြင်းအကြောင်းကို ဗဟုသုတအဖြစ် မှတ်သားနိုင်ကြပါစေ။
Ref :
သက်တန့်ချို
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
