Print

နားကိုက်ဝေဒနာအတွက် ကြက်သွန်ဖြူ

  12-Sep-2018
Preview Image

ကြက်သွန်ဖြူကို အမျိုးစုံသုံးတာ သိပါသလား။ အစိမ်းလိုက်လည်း စားနိုင်သလို အရသာ ပိုမို ကောင်းမွန်စေဖို့ အစားအစာထဲမှာလည်း ထည့်သုံးနိုင်ပြီး အသားကင် သံဘားတွေ သန့်ရှင်းစေဖို့လည်း အသုံးပြုနိုင်ပါတယ်။အဲဒါတင်မကသေးပါဘူး။ ကြက်သွန်ဖြူကို အနာရောဂါအမျိုးမျိုး ကုသပျောက်ကင်းစေဖို့ ဆေးနည်းအဖြစ်လည်း အသုံးပြုနိုင်တယ်။ အအေးမိ၊ ကိုယ်ပူနဲ့ တုပ်ကွေးရောဂါလက္ခဏာတွေ ကုသပေးနိုင်တယ်။


နားရွက်မှာ နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရပါက ဒီရှေးရိုးနည်းလေးကို စမ်းသုံးကြည့်ပါ။ကြက်သွန်ဖြူ တစ်စိတ်ကိုယူ အဲဒါကို ဆေးကြောသန့်စင်ပြီး အလယ်အတွင်းသားကိုသာ ယူပါ။ ယင်းကြက်သွန်ဖြူကို ညမအိပ်ခင် အနာဖြစ်နေတဲ့ နားရွက်ထဲ ထည့်ထားရပါမယ်။ နောက်တစ်နေ့ မနက်ရောက်တဲ့အခါ များစွာ သက်သာလာတာ ခံစားပါလိမ့်မယ်။ကြက်သွန်ဖြူက နားဖားချေးကို ပျော့အိစေပြီး နားကို ရှင်းလင်းရ ပိုလွယ်ကူစေပါတယ်။ နာကျင်ကိုက်ခဲစေတဲ့ နားရွက်ရောဂါကူးစက်မှု လျော့နည်းစေပါတယ်။


Ref: HFS

Trend Myanmar

Myawady Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18