ဗီတာမင် B12 က ဝက်ခြံပေါက်ခြင်းနှင့်ဆက်စပ်နေ
06-Sep-2018
လေ့လာသူများက အရေပြားတွင် တွေ့ရအများဆုံး Propioni- bacterium Acnes က အချို့သူများတွင် ဝက်ခြံများ ဖြစ်ပွားစေပြီး အချို့သူများတွင် အဘယ်ကြောင့် မဖြစ်ပွားသည်ကို သိရရန်အတွက် ယင်း ဘက်တီးရီးယား၏ ဗီဇအား စစ်ဆေး ခဲ့ကြသည်။ ထိုအခါ ဗီတာမင် B12 ဝက်ခြံပေါက်ခြင်းနှင့် ဆက်စပ်နေကြောင်းတွေ့ခဲ့ရသည်။ လူသားများတွင် ဗီတာမင် B12က ဓာတုရုပ် ဖြစ်ပျက်ခြင်း၊သွေးနီဥဆဲလ်များဖြစ်ပေါ်ခြင်းနှင့် ဗဟိုအာရုံကြောစနစ်တို့ အပေါ်တွင် များစွာသက်ရောက်မှု ရှိလေသည်။
ဘက်တီးရီးယား၏ ဗီဇစနစ်ကို လေ့လာခဲ့ရာ ဗီတာမင်
B12 က ဝက်ခြံများသူများ၏ အရေပြားဘက်တီးရီးယားများအား ဝက်ခြံမရှိသူများ၏ အရေပြားဘက်တီးရီးယားများထက် များစွာပြောင်းလဲစေသည်။
လေ့လာသူများက ယင်းအချက်အား သေချာစေရန် ပါဝင်သူများအား ဗီတာမင်B12 အားဖြည့်ဆေးအား ထိုးပေးစောင့်ကြည့်ခဲ့ရာ
၁၀ ဦးလျှင် ၁ ဦးနှုန်း ဝက်ခြံများ ပေါက်လာကြောင်းတွေ့ခဲ့ရသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ဗီတာမင် B12များ
ပိုများလာပါက ဘက်တီးရီးယား၏ ဗီဇပြောင်းလဲလာပြီး ဗီတာမင်ထုတ်လုပ်မှုကို ဖိနှိပ်ကာ ရောင်ရမ်းမှုကိုအားပေးပြီး ဝက်ခြံပေါက်ရာ၌ အဓိကကျသည့် Porp- hyrin ထုတ်လုပ်မှုကိုများစေလေသည်။ ယခုတွေ့ရှိမှုအား Science Translational Medicine
Journal ၌ ပုံနှိပ်ဖော်ပြခဲ့သည်။
Ref:
အဝင်း
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

