Print

နို့ဆီ အကြောင်း သတိထားဖို့

  06-Sep-2018
Preview Image

အံ့သြစရာတစ်ခု မထင်မှတ်ပဲ သိခဲ့ရတယ်။နို့ဆီကိုဘယ်ကရသလဲတဲ့။ မဆိုင်းမတွဖြေလိုက်တယ် နွားနို့ကရတာပေါ့လို့။ လုံးဝမဟုတ်ဘူးတဲ့။ စားအုန်းဆီကရတာတဲ့ ။ ဟုတ်လို့လားလို့ အံ့သြတကြီးမေးလိုက်တယ်။

နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက်တွင် ရောင်းရန်အရည်အသွေးမမှီသောစားအုန်းဆီဖြင့် ပြုလုပ်ထားကြောင်း နို့ဆီချက်ရန် စားအုန်းဆီပေပါများ ကွန်တိန်နာဖြင့်လာချကြောင်း။ အန္တရာယ်ရှိ၍ မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးကသူ့ဆွေမျိုးမိတ်သင်္ဂါဟများကို လိုက်လံသတိပေးပါသည်။ နီု့ဆီကို ချိုသာသောဈေးနှုန်းဖြင့် များစွာထုတ်နိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် နွားမွေမြူရေးဇုံ အလုံအလောက်မရှိပါ။ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီထုတ်ရန် မဖြစ်နိုင်မှန်း ကောင်းစွာနားလည်လိုက်ပါပြီ။

ယခုခေတ်တွင်အသက်၂၀ကျော် လူငယ်များတွင် သွေးတိုးရောဂါ တွေ့နေရပါပြီ။လေဖြတ်တာတွေလဲဖြစ်နေကြပါပြီ။ သွေးတွင်း cholesterol ကို အဆမတန် တက်စေပြီးသွေးကြော များကျဉ်းစေပိတ်စေသော နို့ဆီက အသံတိတ် လူသတ်သမားဖြစ်မှန်း သိသူ အလွန်နည်းမည်ထင်ပါသည်။ ဘယ်သူသေသေ ငါမသေပြီးရောဆိုတဲ့ စီးပွားရေးသမားတွေဟာ ဘယ်သူတွေလဲဆိုတာ အားလုံးသိကြမှာပါ။ ဒီသတင်းကြားပြီးပြည်သူများအတွက် စိုးရိမ်ရပါသည်။

Ref:
သဲသဲ - တောင်ကြီး

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18