အမျိုးသားများအတွက် ဆေးနည်း
25-Feb-2017
ဒီတစ်ခါတော့ မက်ဆေ့ကနေ အမေးများကြတဲ့ အမျိုးသားများအတွက် သီးသန့်ဆေးနည်း တစ်ခုကို ရှာဖွေပြီး မျှဝေပေးလိုက်ပါတယ်။ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများကတော့ ခဏသည်းခံပေးကြပါ။ ကျန်းမာရေးဗဟုသုတလို့ သဘော ထားပေးပါ။ အားအင်ကုန်ခမ်းပြီး စိတ်မရွှင်လန်းတဲ့ အမျိုးသားများ အများအပြားရှိနေတာ ကို တွေ့ရပါတယ်။ ဆေးနည်းကို တောင်းလာကြတဲ့သူလည်း များပြားနေပါတယ်။အခုပုံထဲမှာ မြင်ရတဲ့အပင်ကို အင်္ဂလိပ်လို Argemone Mexicana လို့ ခေါ်ပါ တယ်။ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ မြန်မာလို ခရာပင်လို့ခေါ်ပြီး ပင်လယ်နဲ့ နီးတဲ့နေရာ၊ ချောင်းရိုး၊ မြောင်းရိုးများမှာ ပေါက်တတ်ကြပါတယ်။ ဆူးကလေးတွေ ပါတယ်။
ဆေးနည်း
(၁) ခရာပင်၏ ပဥ္စငါးပါးစလုံးကို မြေမှုန့်များ၊ ရေငံဓါတ်များ စင်ကြယ်သွားသည့်အထိ အထပ်ထပ် ဆေးကြောပါ။
(၂) ပြီးလျှင် ပြုတ်ရလွယ်အောင် အပိုင်းပိုင်း ခုတ်ဖြတ်ပါ။
(၃) မြေအိုး သို့ ရိုးရိုးအိုးထဲကို ထည့်၊ ရေထည့်ပြီး ကျိုပါ။
(၄) စမုံမျိုးငါးပါးကို ထောင်းပြီးထည့်ပါ။ (ပရဆေးဆိုင်မှာ မေးဝယ်ပါ)
(၅) ရေထက်ဝက်ကျန်သည့်အထိ ကျိုပါ။
(၆) အောက်ချ၊ အအေးခံပြီး အရည်ကို စစ်ယူပါ။
(၇) တစ်ခါသောက်စာ လက်ဖက်ရည်ပန်းကန်လုံးခန့်ကို ဒိုဘာလာ သဘာဝ သကြားခဲ သောက်နိုင်ရုံ သင့်တော်သလောက် ထည့်၍ မနက်၊ ည တစ်နေ့ ၂ ခွက် သောက်ပါ။
ကုန်ခမ်းသွားသော အမျိုးသားအားအင်များ ပြန်လည်ပြည့်ဝလာမည်။ စိတ်ရွှင်လန်း လာစေမည်။ ကျန်းမာရေးရှုထောင့်ဖြင့် ရေးသားမျှဝေပေးလိုက်ပါတယ်။ အိမ်ထောင်မှု သုခပြည့်ဝ၍ သာယာပျော်ရွှင်နိုင်ကြပါစေ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
စောနွဲ ့နေဆိုင် (ပူတာအို)
ကိုးကား - သဘာဝဆေးစွမ်းကောင်းများ
စောနွဲ ့နေဆိုင် - ပူတာအို
Credit; Myawady health
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

