GIARDIASIS (သို့) ပရိုတိုဇိုးဝါး ကပ်ပါးရောဂါ
02-Sep-2018
Giardia Iamblia လို့ ခေါ်တဲ့ အူထဲမှာနေထိုင်တဲ့ ကပ်ပါးပရိုတိုဇိုးဝါးကြောင့်ဝမ်းသွားပြီး ဖျားနာတဲ့ ရောဂါဖြစ်ပါတယ်။ ဒီပိုးကောင်ဟာ
သူမှီခိုနေထိုင်တဲ့နေရာမှာ အချိန်အကြာကြီး အသက်ရှင်သန်နိုင်ပြီး ကလိုရို ရင်းကဲ့သို့
ပိုးသတ်ဆေးကိုတောင် ခုခံနိုင်စွပ်းရှိပါတယ်။
ရောဂါလက္ခဏာများ
ဝမ်းလျှောခြင်း၊ ဝမ်းဗိုက်ကြွက်သားများ နာကျင်ခြင်း၊ မူးမောပြီး
အော့အန်ခြင်း၊ရေဓာတ်ကိုခန်းခြင်းတို့ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားတဲ့ ကြာချိန်က
တစ်ပတ် ဒါမှမဟုတ်နှစ်ပတ်ကျော်ထိ ဖြစ်နိုင်ပါတယ်။
ဖြစ်ပွားတတ်သည့် နေရာများ
နေရာတိုင်းမှာ ဒီရောဂါပိုး ရှိနေတတ်တာကြောင့် အစားအသောက်၊
အနေအထိုင် ဆင်ခြင်ပါ။
ကြိုတင်ကာကွယ်နိုင်ခြင်း
- လက်ကိုသန့်ရှင်းစင်ကြယ်အောင် မကြာခဏ ဆပ်ပြာနှင့် ဆေးပါ။
- ရေကူးကန်၊ ပင်လယ်ကမ်းခြေ၊ ရေတံခွန် စတဲ့နေရာတွေမှာ ရေကစားပြီးတဲ့အခါရေချိုးခန်းမှာ ရေပြန်ချိုးပါ။
- မိမိရောက်နေတဲ့ ဒေသထွက်သောက်ရေနဲ့ ရေခဲစတာတွေ သောက်သုံးမိတာမှရှောင်ပါ။
Ref:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

