Print

ဒူးမည်းတာ ဖြူအောင်လုပ်နည်း

  11-Aug-2018
Preview Image

စကတ်တိုတို၊ ဘောင်းဘီတိုတိုလေးတွေ ဝတ်တဲ့အခါ ဒူးခေါင်းတွေ မည်းနေရင် မိန်းကလေးအတော်များများစိတ်ရှုပ်ရပါတယ်။ ဒါကြောင့် ဒူးမည်းတာတွေ သက်သာဖို့အတွက် အိမ်မှာလုပ်ကြည့်နိုင်တဲ့ နည်းလေးတွေ မျှဝေပေး လိုက်ပါတယ်။

အိမ်မှာသံပရိုသီးအလွယ်တကူရှိရင် တစ်ဝက်လောက် လှီးပြီးဒူးကို ၁၀ မိနစ်လောက်ကြာအောင် ပွတ်ပေးပါ။ အရည်တွေ လက်ဖက်ရည် တစ်ဇွန်းစာကိုခပ်ပျစ်ပျစ် ဖျော်ပြီးဒူးကိုသုတ်လိမ်းပြီး ၁၀ မိနစ်လောက် ပွတ်ပြီး နှိပ်နယ်ပေးကာရေခပ်နွေးနွေးနဲ့ ဆေးကြောတာမျိုးလည်းလုပ်နိုင်ပါတယ်။နောက်ပြီးမုန့်ဖုတ်ဆော်ဒါရှိရင်လည်း ခပ်ပျစ်ပျစ်ဖျော်ပြီး အထက်ပါ နည်းအတိုင်းလုပ်ပေးလို့ ရပါတယ်။

နောက်တစ်ခုကတော့ အုတ်ဂျုံမှုန့်လက်ဖက်ရည် နှစ်ဇွန်းနဲ့ ခရင်မ်နှစ်ဇွန်း ကိုရောပြီးဒူးမှာလိမ်းကာ နှစ်မိနစ်လောက်ထားပါ။ ပြီးရင် ၁၀ မိနစ်လောက်ကြာအောင် နှိပ်နယ်ပေးပြီးရေအေးနဲ့ ဆေးလိုက်ပါ။ ဒီလိုမျိုးပုံမှန် လုပ်ပေးမယ်ဆိုရင် ဒူးကအရေ ပြားဆဲလ်သေတွေကိုဖယ်ရှားပေးကာဒူးအရောင်ပြောင်းသွားတာတွေ့ရမှာပါ။

Ref: wellnessbin

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18