Print

First Aid for Drowning ရေနစ်ခြင်း ရှေးဦးသူနာပြု

  01-Aug-2018
Preview Image

ရေနစ်ခြင်းဟာ အရေးပေါ်ဖြစ်တယ်။ အသက် ၁-၄ နှစ်ကြားအများဆုံးနဲ့ အသက် ၁၄ နှစ်အောက်မှာ ဒုတိယအများဆုံး သေစေတဲ့မတော်မဆဖြစ်မှုဖြစ်တယ်။ ပထမဆုံး လုပ်ရမှကြ ရေနစ်သူကို ရေထဲကနေဆွဲထုတ်ယူပါ။ ကယ်ဆယ်ရေးဟာ နောက်မကျသေးဖူးလို့သိထားပါ။ အသက်ရှူသေးရင် သူ့ကိုကျောခင်းသိပ်ထားပေးပါ။ အသက်ရှူတာကိုဆက်ရှူစေအာင် သတိထားပြီး အကူအညီရယူပါ။ လိုလာရင် CPR လုပ်ပါ။ ပြန်လည်မလာလည်း အကူအညီမလာမချင်း ဆက်လုပ်နေပါ။

၁။ အသက်ရှူလမ်းကြောင်းစစ်ဆေးပြုပြင်ပေးပါ
ပါးစပ်နဲ့ နှာခေါင်းမှာ ဘာတခုမှ ဆို့နေပိတ်နေတာမရှိပါစေနဲ့။ခေါင်းကို တဖက်ဖက်မှာ နည်းနည်းလေးစောင်းပေးထားပါ။ မေးကိုရှေ့ဖက်ဆီဆွဲယူပေးထားပါ။ရှေ့ဆိုတာ သူ့မျက်နှာမူရာကို ပြောတာ။ အသက်ရှူနေ မနေစစ်ဆေးပါ။ ရင်ပတ်ဖေါင်း-ပိန်ဖြစ်နေသလား၊ နှာခေါင်းမှာ လေအဝင်-အထွက်ရှိသလား၊ နားထောင်ပါ၊ ကြည့်ပါ။

၂။ အသက်မရှူဖူးဆိုရင်
အသက် ၁ နှစ်အောက်ကလေး = ကလေးပါးစပ် + နှာခေါင်းမှာ မိမိပါးစပ်ကိုငုံပြီးလေမှုတ်သွင်းပါ။ ၁ စက္ကန့်ကြာ၂ ခါမှုတ်ပြီး ကလေးကိုကြည့်ပါ။ကလေး ၁ နှစ်အထက် = ကလေးနှာခေါင်းကို မိမိလက်နဲ့ပိတ်ထားပြီး ပါးစပ်-ပါးစပ်နဲ့ ၁-၂ စက္ကန့်ကြာ ၂ ခါမှုတ်ပြီး ကလေးကိုကြည့်ပါ။

၃။ ကလေးရင်ပတ် နိမ့်ချည်-မြင့်ချည်ဖြစ်လာရင်
လက်ကောက်ဝတ်သွေးခုန်တာစမ်းပါ။ လက်မအထက်နေရာ။ ကလေး ရင်ပတ် နိမ့်ချည်-မြင့်ချည်မဖြစ်ရင် ကလေးခေါင်းကို ပိုစောင်းပေး၊ မေးကိုဆွဲဆန့်ပြီးလေမှုတ်သွင်းတာထပ်လုပ်ပါ။

၄။ လက်ကောက်ဝတ်သွေးခုန်တာစမ်းခြင်း
ကလေးငယ်လွန်းရင် လက်မောင်းအတွင်းဖက် (ရင်ပတ်ဖက်) နေရာက စမ်းပါ။ မိမိလျက်ချောင်း ၂ ချောင်းသုံးပါ။ အသက် ၁ ခါရှူရင် သွေးခုန်တာ ၃ ခါလောက်နှုန်းရှိမယ်။

၅။ လက်ကောက်ဝတ်သွေးခုန်တာစမ်းရရင်
ကလေးငယ်ဆိုရင် မိမိစိတ်ထဲမှာ သူ့နို့နှစ်ဖက်ကိုမျဉ်းဆွဲပြီး အောက်လက် ၂ လုံးနေရာမှာ လက်မဝက်အထိ အောက်ကျသွားအောင် ၅ ခါဖိပါ။ တခါမှာ ၃ စက္ကန့်ကြာမယ်။ ၅ ခါပြီးရင် လေ ၁ ခါမှုတ်ပါ။ ကလေးနည်းနည်းကြီးရင် ရင်ညွန့်ရိုးမှာ ၁ လက်မအထိ အောက်ကျသွားအောင်ထိပါ။ လက်ကောက်ဝတ်သွေးခုန်တာ စမ်းရတဲ့အထိနဲ့ အကူအညီ လာတဲ့အထိသည်အတိုင်း(လေသွင်းနည်း + ရင်ပတ်ဖိနည်း) သာလုပ်ပါ။

ဆေးပညာရှင်တွေကတော့ အခုရေးတဲ့နည်းကိုသာညွှန်းပါတယ်။ ရုပ်ရှင်တွေထဲမှာ တချို့ကနည်းစနစ်ကျတယ်။ တချို့မှားတယ်။ ဟောလိဝုဒ်ကားတွေမှာ မင်းသား မင်းသမီးရေနစ်ရင် လည်ပင်းသွေးကြောချည်းသာ စမ်းကြတယ်။ အဲလိုလုပ်ရတာ လက်တွေ့မှာ မလွယ်ပါ။ လက်ကောက်ဝတ်နဲ့ လက်မောင်း အတွင်းကစမ်းတာကသာ လွယ်တယ်။ ဘေးဝပ်ချ် ဆီးရီးစ်ထဲမှာတော့ နည်းမှန်တယ်။

Ref: 
ဒေါက်တာတင့်ဆွေ
၄-၈-၂ဝ၁၅
First Aid for Drowning ရေနစ်ခြင်း ရှေးဦးသူနာပြု

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။ 



Related Articles


Advertisment 18