Print

မျက်နှာသစ်ပြီးမှ အိပ်ယာဝင်ပါ

  29-Jul-2018
Preview Image

ညဖက် အိပ်တော့မည်ဆိုပါက တစ်နေ့ကုန်လိမ်းထားသောမျက်နှာမှ မိတ်ကပ်များကို ဆေးပြီး အိပ်သင့်ပါသည်။ အချို့က ညဖက်တွင်အိပ်ချင်ဇောဖြင့် မိတ်ကပ်ဖျက်ရန် သွားတိုက်ရန် ပျက်ကွက်တတ်သည်။ မအိပ်မီ မျက်နှာကို ဆေးကြောပြီးမှ အိပ်သည့် အကြောင်းရင်း (၃)ချက် မှာ အိပ်နေစဉ် သဘာဝဖြစ်စဉ်အရ ကိုယ်အပူချိန် တက်လာတတ်သဖြင့်ချွေးပေါက်များ ပွင့်လာတတ်သည်။ ထိုအခါ တစ်နေကုန်လိမ်းထားသော မိတ်ကပ်များက ချွေးပေါက်များထဲသို့စိမ့်ဝင်ပြီးပိတ်သွားတတ်ပြီး အတွင်း၌ အဖြူအဆံ၊ အမည်းဆံ ဖြစ်ကာပေါက်ထွက်လာတတ်သည်။ ချွေးပေါက် ချေးပိတ်ပြီး အဖုကြီးလာတတ်ရာမှ လွယ်လွယ်ကူကူ ပြန်ပြီး ကျုံ့ဝင်သွားခြင်း မရှိချေ။ 


အသက် နှင့်အမျှ Collagen လျော့ပါးလာတတ်သဖြင့် ချွေးပေါက်များ ကျယ်လာတတ်ပြီး ချွေးပေါက်ကျယ်လာလေ မိတ်ကပ်စင်အောင် ဖျက်ဖို့ မလွယ်လေ ဖြစ်လာတတ်သည်။ အရေပြား ဆဲလ်များသည် အိပ်ချိန်တွင် မျက်နှာမသစ်ဘဲ အိပ်ပါကအရေပြားဆဲလ်များ လှုပ်ရှားလည်ပတ်မှုကို ကြန့်ကြာစေပြီး အောက်စီဂျင်စီးမှု ရပ်တန့်လျက် ဆဲလ်သေများ ပို၍ ဖြစ်ပေါ်စေခြင်း၊ အဖုပေါက်တတ်ခြင်းတို့ဖြစ်တတ်လေရာ မအိပ်မီ မဖြစ်မနေ မျက်နှာရှိ တစ်နေ့ကုန် အညစ်အကြေးများကို ဆေးကြောပစ်သင့်သည်။ဆေးကြောရာတွင် မိမိနှင့်သင့်လျှော်သော မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ ဥပမာ- အရေပြား ခြောက်သွေ့သူ၊ အဆီပြန်သူအတွက် စသည်ဖြင့် မျက်နှာသစ်ဆေးရည် အမျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်သည်။

Ref:
TKD

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18