Print

အသည်းရောင်အသားဝါ စီပိုး ပျောက်အောင်ကုလို့ရပြီလား

  14-Jul-2018
Preview Image

အသည်းရောင်အသားဝါစီပိုး ပျောက်ကင်းအောင် နိုင်ငံခြားသွားပြီး ကုသစရာမလိုဘဲ မြန်မာနိုင်ငံမှာတင် ပျောက်ကင်းအောင် ကုသနိုင်ပြီလို့ သိရပါတယ်။

“စီပိုးသေဆေးတွေ နဲ့ကုလို့ စီပိုးပျောက်သွားတဲ့ သူတွေအများကြီးပါ၊ စီပိုးကို သတ်တဲ့ ဆေးတွေကိုအပြည်ပြည်ဆိုင်ရာ ခေတ်မီနည်းစနစ်တွေအတိုင်း ကုလို့ရနေပါပြီ”လို့ UMFCCI မှာ ပြုလုပ်တဲ့ အသည်းကျန်းမာရေး ပညာပေးဟောပြောပွဲ မှာ အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်းက ပြောပါတယ်။

အသည်းရောင်အသားဝါ စီဗိုင်းရပ်စ်ပိုးကို သေစေတဲ့ anti-viral ဆေးတွေကိုသုံးပြီး စီရောဂါပိုးကို ပျောက်ကင်းအောင် ကုနိုင်ပြီဖြစ်သလို စီပိုးသတ်တဲ့ စားဆေး၊ ထိုးဆေးတွေကိုလည်း မြန်မာပြည်မှာတင် ဝယ်ယူနိုင်ပြီလို့သိရပါတယ်။

“အဓိကကတော့ အသည်းရောင် အသားဝါစီရောဂါပိုး လုံးဝပျောက်သွားပြီး လူမသေဖို့ပါပဲ၊ အဲဒီလို စီပိုးပျောက်သွားမှသာ နောက်ဆက်တွဲ အကျိုးကျေးဇူးအနေနဲ့ အသည်းရောဂါ ပိုမဆိုးလာစေဖို့ အသည်းထဲမှာ အမာရွတ်ထင်တာ၊ အသည်းဆဲလ်တွေ ပျက်စီးပြီး ဒဏ်ရာရနေတာတွေ လျော့သွားဖို့ ၊ပျောက်သွားဖို့ ၊အသည်းကင်ဆာဖြစ်တာကို ကာကွယ်နိုင်ဖို့ နဲ့ နေရထိုင်ရတာ ပိုပြီးတော့ ကောင်းလာပြီး"စိတ်ကြည်လင်လန်းဆန်းလာဖို့ပဲ” လို့ အသည်းအထူးကုဆရာဝန်ကြီးပါမောက္ခဦးခင်မောင်ဝင်းက ပြောပါတယ်။

အသည်းရောင်အသားဝါ စီ ရောဂါပိုးရှိရင် သေချာစနစ်တကျကုဖို့လိုပါတယ်။ ကုသမှုခံယူသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ ပိုးလုံးဝပျောက်သွားနိုင်တဲ့ အပြင် အသည်းခြောက်တာ မဖြစ်အောင်နဲ့ အသည်းကင်ဆာ မဖြစ်အောင်လည်း တားဆီးနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

Ref:
Author: ဖြိုးစန္ဒာ

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18