Print

အရေပြား ကွာကျရောဂါ

  24-Jun-2018
Preview Image

အကျဉ်းရှင်းလင်းချက်

       ရုတ်တရက် အရေပြား ဆုတ်ပြဲကွာကျခြင်းသည် ရောဂါတစ်ခုဧ။် လက္ခဏာ ရှေ့ပြေးအနေနှင့် အများဆုံးတွေ.ရတတ်ပါသည်။ 

လက္ခဏာများ

 ကိုယ်ခန္ဓာ ၊ မျက်နှာ နှင့် ခြေလက ်တို့တွင် အရေပြား နီရဲ ယားယံ အရည်ကြည်ဖုများ ဖြစ်ပေါ်လာတတ်သည်။အဓိကရောဂါ၏ နောက်ဆက်တွဲ လက္ခဏာများနှင့်တွဲ၍ တွေ.ရတတ်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

ဓာတုပစ္စည်းများကြောင့် အဆိပ်သင့်ခြင်း။

ပုံမှန်ပမာဏထက် ဂျင်စင်း အသုံးလွန်ခြင်း။

အမျိုးသမီး ဓမ္မတာ ဆုံးခြင်း။

ဆေးနှင့်ဓာတ်မတည့်မှုများ။

အရေပြားမှိုစွဲရောဂါ။

ဗိုင်းရပ်စ်ပိုး ကူးစက်မှုများ။

ဖြစ်နိုင်ချေများသူများ

ခုခံအားကျဆင်းမှုရောဂါ ဝေဒနာရှင်များ။

သွေးချိုဆီးချိုရောဂါ ဝေဒနာရှင်များ။

တစ်ချို.သော သွေးရောဂါများ။

ကင်ဆာရောဂါများ။

နောက်ဆက်တွဲ ပြဿနာများ

အရေပြားအရောင် ပြောင်းလဲလာခြင်း။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အရေပြားပေါ်တွင် ပုံမှန်မဟုတ်သော အနီကွက် အရည်ကြည်ဖုများ ထွက်လာလျှင် ၊ ထို အနီကွက် အရည်ကြည်ဖုများမှ နာလာလျှင် ၊ အရွယ်အစားပိုကြီးလာလျှင် အရေပြားဆရာဝန်နှင့် သွားရောက်ပြသသင့်သည်။

စစ်ဆေးမှုများ

သွေးစစ်ခြင်း။

အရေပြားအသားစယူခြင်း။

ကုသခြင်း

သောက်ဆေး ၊ထိုးဆေး နှင့် လိမ်းဆေး များကို သက်ဆိုင်ရာ အရေပြား ဆရာဝန်ဧ။် ညွှန်ကြားချက်အတိုင်း ကုသနိုင်သည်။

ကာကွယ်ခြင်း

အကာအကွယ် မပါဘဲ နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ.ခြင်းကိုရှောင်ကြဉ်ပါ။

မတည့်သော ဆေးဝါးနှင့် အစားအစာများစားသုံးခြင်းကို ရှောင်ကျဉ်ပါ။

အပြင်းစား ကိုယ်တိုက်ဆပ်ပြာများ သုံးခြင်းကိုရှောင်ကျဉ်ပါ။

Ref: Mayo Clinic

Translated By :DR.KHIN GON YI NAING

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18