နားကိုက်ခြင်းနှင့်နားရောဂါဖြစ်ခြင်း
25-Feb-2017
“နားကိုက်လျှင် ပါးကိုက်မည်” ဟု ပြန်မပြောသာသော ရောဂါမျိုးဖြစ်၏။ နားကိုက်ခြင်းသည် အလွန်ခံရခက်၏။ ပို၍ဆိုးသည်မှာ ညအခါ၌ ဖြစ်တတ်ခြင်းဖြစ်သည်။ ဘာကြောင့်ဖြစ်ရသည်ကို ရှင်းလင်းရလျှင် ကိုယ်ခန္ဓာဖွဲ့စည်းမှုနှင့် ဖိအားကြောင့်ဖြစ်သည်။
နား၏အစိတ်အပိုင်းဖြစ်သော ယူစတေးရှန်းပြွန် (Eustachian Tube) ခေါ် နားစည်ပြွန်မှာ လည်ချောင်းနောက်မှာ တက်၍ နားအထိရောက်သည်။ နားကိုက်ခြင်းသည် များသောအားဖြင့် နားပြွန်များ၌ အဆီးအတားဖြစ်ပြီး ပိတ်ဆို့နေကြောင့် လူကြီးလူငယ်မရွေး၌ ခံစားရတတ်သည်။
အိပ်စက်ပြီး နာရီအတော်ကြာသောအခါ နားစည်ပြွန်မှာ ဆို့သွားတတ်သည်။ အအေးမိခြင်း၊ ဆိုင်းနပ်ခေါ် လိုဏ်ခေါင်းရောင်ခြင်းနှင့် အလာဂျီဖြစ်ခြင်း တို့ရှိ်လျှင်ပို၍ ဖြစ်နိုင်သည်။ နားကိုက်ခြင်းမှာ ရေကူးသမားတို့၌ဖြစ်သော နားကိုက်ခြင်းကဲ့သို့ နားလမ်းကြောင်း (Ear Canal) ၌ဖြစ်သော (External Otitis) ကြောင့်လည်း ဖြစ်တတ်သည်။ ရောဂါပိုးမဝင်သော်လည်း လေယာဉ်စီးစဉ်၌ လေဖိအားကျလျှင်ဖြစ်စေ၊ ရေနက်တွင်းသို့ ရေငုပ်ရလျှင်ဖြစ်စေ နားကိုက်နိုင်သေးသည်။ ဦးခေါင်းနှင့်နီးစပ်သော အခြားအစိတ်အပိုင်းများ၌ တစ်စုံတစ်ရာဝေဒနာ လာ၍ဟပ်နိုင်သည်။ သွား၊ ပါးသိ၊ လည်ချောင်း၊ လျှာနှင့်မေးရိုးစသည်တို့တွင် ဝေဒနာများရှိပါက နားကိုပါ ကသိကအောက် ဖြစ်စေနိုင်ခြင်းဖြစ်သည်။
အစက်တာမီနိုဖင်းကိုသုံးပါ အိပ်ရာမဝင်မီ ဆေးတစ်ခွက်သောက်ပါက အိပ်ရေးမပျက်နိုင်။ ထ၍ထိုင်ပါ နားကိုက်နေစဉ် ခဏတဖြုတ် ထ၍ထိုင်လိုက်လျှင် အရောင်လျော့ပြီး နားစည်မှ ပြွန်လည်း ပုံမှန်စီးဆင်း သွားနိုင်သည်။ ရေများများသောက်ပါ။ နားရွက်ကိုင်၍ ဆွဲလိုက်ပါက နာကျင်မှုမရှိလျှင် နားအလယ်ပိုင်းပြဿနာ ဖြစ်နိုင်သည်ဟုဆိုသည်။
နားရွက်ကိုကိုင်ဆွဲ၍ လှုပ်လိုက်လျှင် နာကျင်မည်ဆိုပါက နား၏အပြင်ပိုင်း ပြဿနာဖြစ်သည်။ အနွေးစက်ချရန် ကလေးသူငယ်များအတွက်ဆီ (Baby Oil) သို့မဟုတ် သတ္တုဆီ (Mineral Oil) ပုလင်းကို လူ့ခန္ဓာကိုယ် အပူချိန်ခန့်ရအောင် အပူပေး၍ နွေးတေးတေးရှိနေသော ဆီကိုနားတွင်းသို့ အစက်ချပေးရန်ဖြစ်သည်။ အထူးသတိပြုရန်မှာ မိမိ၌ နားစည်ပေါက်နေသည်ဟု ယူဆပါက မည်သည့်အရည်မှ နားတွင်းသို့ မထည့်မိရန်ဖြစ်သည်။
ချွင်းဂန်းခေါ် ကပ်စေးနှဲဝါးပါ လေယာဉ်ခရီးသွားစဉ် နားကိုက်လျှင် ကပ်စေးနှဲ (Chweing Gum) ဝါးခြင်းဖြင့် ပွင့်ပြီး ပြေပျောက်သွားနိုင်သည်။ သမ်းဝေခြင်း၊ နှာဝကိုပိတ်၍ မှုတ်ထုတ်ပါ။ မြေပြင်သို့ လေယာဉ်နှိမ့်ဆင်းစဉ် မအိပ်သင့်။ ရေငုပ်၊ ရေကူးသောအခါရေငုပ်သူများသည် ရေငုပ်ဝတ်စုံမပါလျှင် အလွန်နက်သော ရေပြင်၌ အနက် ၃၃ ပေ မရောက်မီအထိ ရေအနက်၌ နားကိုက်နိုင်သည်။ အပျော်ရေကူးသူများသည် သုံးပေ
လေးပေအနက်ထက် အောက်သို့ငုပ်၍ ကူးလျှင် နားကိုက်နိုင်သည်။
Healthcare.com.mm
Ref:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ပထမတါဲစာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
