Print

ဂေါက်ရောဂါ (Gout) ဆောင်ရန်၊ ရှောင်ရန်များ✅

  21-Nov-2026
Preview Image

ဂေါက်ရောဂါ (Gout) ဆောင်ရန်၊ ရှောင်ရန်များ✅


• ရေ ကို နေ့တိုင်း လုံလောက်အောင် သောက်ပါ (အရည်ကန့်သတ်ချက် မရှိရင် တစ်နေ့ ၂ လီတာခန့်)။

• ကိုယ်အလေးချိန် များနေရင် ဖြည်းဖြည်းချင်း ချပါ။ ဟင်းသီးဟင်းရွက်၊ အသီး၊ ဆန်လုံးညို/ဂျုံအပြည့်အစာ၊ အဆီနည်း နို့ထွက်ပစ္စည်း၊ ကြက်ဥကို အဓိက စားပါ။

• ပဲ အမျိုးမျိုး၊ တို့ဖူးကို ပမာဏသင့်တင့်စွာ စားနိုင်ပါတယ် — ပဲ လုံးဝ ရှောင်စရာ မလိုပါဘူး။ အပင်က purine က အသား၊ ပင်လယ်စာက purine လောက် ဂေါက်အန္တရာယ် မများပါဘူး။

• ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ — တစ်ပတ် မိနစ် ၁၅၀ ခန့်၊ လမ်းလျှောက်၊ စက်ဘီး၊ ရေကူးလို အဆစ်မထိတဲ့ လေ့ကျင့်ခန်းတွေ (နာနေချိန်မှာတော့ နားပါ)။

• ယူရစ်အက်ဆစ် ပုံမှန် စစ်ပြီး ဆရာဝန် ညွှန်းတဲ့ ဆေးကို နေ့တိုင်း သောက်ပါ

• သောက်နေကျ ဆေးတွေအားလုံး (သွေးပေါင်ဆေး၊ ဆီးဆေး၊ aspirin စတာတွေ) ကို ဆရာဝန်ကို ပြောပြပါ — တချို့ဆေးတွေက ယူရစ်အက်ဆစ် တက်စေနိုင်လို့ပါ။

ရှောင်ရန် ❌

• ဘီယာ (အဆိုးဆုံး) နဲ့ အရက် — နာနေချိန်မှာ လုံးဝ၊ ပုံမှန်မှာလည်း တတ်နိုင်သလောက် ရှောင်ပါ။

• အချိုရည်နဲ့ သကြားများတဲ့ အစားအစာ — အသင့်သောက် အချိုရည်၊ လက်ဖက်ရည်ချို အလွန်သောက်တာ အပါအဝင်။ သကြားက ယူရစ်အက်ဆစ် တက်စေပါတယ်။

• ကလီစာ (အသည်း၊ ကျောက်ကပ်)၊ အနီရောင်အသား အများကြီး၊ ခွံမာပင်လယ်စာ (shellfish)၊ ငါးနီတူးခြောက်/ငါးသေတ္တာငါး (sardine, anchovy)၊ အသားပြုတ်ရည် အနှစ် (gravy) — purine အများဆုံး အစားအစာတွေပါ။

• နာတဲ့ အဆစ်ကို ဆေးပူ လိမ်းတာ၊ အပူပေးတာ၊ အတင်း နှိပ်တာ၊ အတင်း လှုပ်ရှားတာ မလုပ်ပါနဲ့။

• အစာငတ်ခံတာ၊ crash diet နဲ့ ကိုယ်အလေးချိန် အမြန်ချတာ မလုပ်ပါနဲ့ — ယူရစ်အက်ဆစ် ရုတ်တရက် တက်ပြီး flare ပိုဖြစ်စေနိုင်ပါတယ်။

• သက်သာလာတာနဲ့ ယူရစ်အက်ဆစ်ချဆေးကို ကိုယ့်သဘောနဲ့ ရပ်တာ၊ သူများဆေး ယူသောက်တာ၊ supplement တွေ ကိုယ့်သဘောနဲ့ သောက်တာ မလုပ်ပါနဲ့။

ဆရာဝန် ချက်ချင်း ပြသင့်တဲ့ အခြေအနေများ

ပထမဆုံးအကြိမ် အဆစ်နာတာ (အဆစ်ပိုးဝင်တာနဲ့ မှားနိုင်လို့)၊ အဖျားတက်ပြီး အဆစ် ပူ၊ နီ၊ ယောင်တာ၊ တစ်နှစ်မှာ ၂ ကြိမ်ထက် ပိုဖြစ်တာ၊ အဆစ်နားမှာ အကျိတ်အဖု (tophi) ထွက်လာတာ၊ ကျောက်ကပ်ကျောက်တည်တာ/ကျောက်ကပ်အားနည်းတာ တွဲရှိရင် မစောင့်ဘဲ ပြပါ။


Dr. Hazel

Ref: CDC, Mayo Clinic


#HT_Info

#7887Healthcare

#seveneighteightseven

#HealthcareInformation



Related Articles


AdvertiseDirectory