ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုအလေ့အထ
21-Jul-2026
ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုအလေ့အထ
+++++++++++++++++++++++++++++++++++++
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အခြေခံထားစားသုံးပါ
• မိမိရဲ့ နေ့စဉ်အစားအစာ ပန်းကန်ထဲမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရောင်စုံ မျှတစွာ ထက်ဝက်ခန့် ထည့်သွင်းစားသုံးရပါမယ်။ ၎င်းတို့တွင် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ဆဲလ်ပျက်စီးမှုကို တားဆီးပေးတဲ့ အင်တီအောက်ဆီဒင့် (Antioxidants) များ ကြွယ်ဝစွာ ပါဝင်သည်။
လုံးတီးဆန်နှင့် ဂျုံကြမ်းကို ရွေးချယ်ပါ
• အဆင့်ဆင့် ပြုပြင်ထားသော ဆန်ဖြူ၊ ပေါင်မုန့်ဖြူများအစား အမျှင်ဓာတ် (Fiber) ကြွယ်ဝသော လုံးတီးဆန် (Brown Rice)၊ ဂျုံကြမ်းနှင့် အစေ့အဆန်များကို အစားထိုးစားသုံးပါ။ အမျှင်ဓာတ်က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဆီးချိုနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေသည်။
အဆီနည်း ပရိုတိန်းနှင့် အပင်မှရသော ပရိုတိန်း (Lean Proteins)
• ကြက်သား၊ ငါး အစရှိသော အဆီနည်းအသားများအပြင် ပဲအမျိုးမျိုး (Beans, Lentils) နှင့် အခွံမာသီး (Nuts) လိုမျိုး အပင်ကရတဲ့ ပရိုတင်းဓာတ်များကို စားသုံးပေးပါ။ အပင်မှရသော ပရိုတင်းများသည် ခန္ဓာကိုယ်အတွက် ပြည့်ဝဆီ (Saturated Fat) သက်ရောက်မှုကို နည်းပါးစေသည်။
အချိုရည်များအစား ရေကိုသာ ရွေးချယ်ပါ
• ကယ်လိုရီနှင့် သကြားဓာတ် အလွန်အကျွံပါဝင်သော အချိုရည်များ၊ ကော်ဖီများကို ရှောင်ကြဉ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သော အရည်ဓာတ်ကို ရေသန့်သန့်ဆီကနေပဲ အဓိက ရယူပါ။ ရေများများသောက်ခြင်းက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေသည်။
သတိပြု၍ ဖြည်းဖြည်းချင်း စားပါ (Mindful Eating)
• အစားစားနေစဉ် ဖုန်းကြည့်ခြင်း၊ တီဗီကြည့်ခြင်းများကို ရှောင်ကြဉ်ပြီး မိမိစားနေသော အစားအစာအပေါ် အာရုံစိုက်ပါ။ ဖြည်းဖြည်းချင်း ဝါးစားခြင်းက ဦးနှောက်ထံသို့ ဗိုက်ပြည့်ကြောင်း အချက်ပြချက် ရောက်ရှိရန် အချိန်ရစေသဖြင့် အလွန်အကျွံစားမိခြင်း (Overeating) ကို ကာကွယ်ပေးသည်။
Dr. Hazel
Ref: WHO, CDC, Mayo clinic
#HealthArticle
#seveneighteightseven
#7887healthcare

