အစားအသောက် ရွေးချယ်မှုနှင့် နွေရာသီ
25-Feb-2017
ချွေးထွက်များသော နွေရာသီတွင် ပူပြင်းသောရာသီဥတုနှင့် လိုက်လျော ညီထွေ ဖြစ်သော အစားအစာများကို ရွေးချယ်စားသုံးတတ်ရန်မှာလည်း အလွန် အရေးကြီးပေသည်။ ပူစပ်လှသော အစားအသောက်များထက်စာလျှင် အေးမြချို မြိန်သော အစားအစာများက ပို၍ သင့်တော်သည်။ အရည်ရွှမ်းသော အစားအစာများဖြစ်သည့် လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ ရှောက်ချိုသီးစသော အသီးအနှံများကိုလည်း များများစားသုံးပေးရန် လိုအပ်ပေသည်။ ပူစပ်ပူလောင်နိုင်သော ရခိုင်မုန့်တီ စသော အစားအစာများကိုမူ အပူချိန်မမြင့်သော ညနေပိုင်း နေရိပ်ချိန်များတွင်သာ စားသုံးသင့် ပါသည်။ နွေရာသီတွင် အထူးသဖြင့် ဝက်သား၊ ဒံပေါက်ကဲ့သို့သော အစားအစာများ ကိုမူ သွေးတိုးရှိသူများအဖို့ အထူးသတိထားရမည်ဖြစ်သည်။
ဆောင်ရန်
အရည်ရွှမ်းသောသစ်သီးများ၊ ဖျော်ရည်များကို သောက်သုံးသင့်ပြီး အေးမြချိုမွှေးသော အစားအစာများကို စားသုံးသင့်ပါသည်။
ရှောင်ရန်
ချွေးထွက်များစေပြီး ပူလောင်စေသော ရခိုင်မုန့်တီစသော အစားအစာ များနှင့် သွေးတက်စေသော အစာများကို မစားသင့်ပေ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
သက်တန့်ချို
Health for all magazine, No.99, April 2015, Pg. 11
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

