ရေနွေးကြမ်း တစ်နေ့ ၅ခွက်သောက်ခြင်းက လေဖြတ်ခြင်းနှင့် သွေးချိုကိုကာကွယ်...
30-Oct-2016
ရေနွေးကြမ်း တစ်နေ့ ၅ခွက်နှုန်းနဲ့ ပုံမှန်သောက်ပေးခြင်းက သွေးပေါင်ချိန်ကိုလျှော့ချပေးပြီး လေဖြတ်ခြင်းနဲ့ သွေးချိုရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောခဲ့ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ တစ်နေ့ကို ရေနွေးကြမ်း၃ခွက်ကနေ ၅ခွက်သောက်ပေးသင့်တယ်လို့ နယ်သာလန် ကျန်းမာရေးကောင်စီက အကြံပြုထားပါတယ်။ ဒက်ရှ်လူမျိုး ၄နှစ်သား ကလေးငယ်တွေကို ကျောင်းမှာ နေ့လည်စာစားချိန်ဆိုရင် အအေးတိုက်မယ့်အစား ရေနွေးကြမ်းပဲ တိုက်လေ့ရှတယ်လို့လည်း သိရပါတယ်။ "၁၀နှစ်ကြာ လေ့လာပြုစုခဲ့တဲ့ သိပ္ပံစာပေထဲမှာ ကျွန်တော်တို့မှတ်သားခဲ့ရတာကတော့ ရေနွေးကြမ်းသောက်ပေးခြင်းက ကျွန်တော်တို့ ကျန်းမာရေးအတွက် တကယ်ကောင်းတယ်ဆိုတာပါပဲ။ တစ်နေ့ကို ရေနွေးကြမ်း ၃ခွက်နေ၅ခွက်သောက်ပေးရင် သွေးပေါင်ချိန်ကို လျှော့ချပေးပြီး သွေးချိုရောဂါနဲ့ လေဖြတ်အန္တရာယ်တွေကို ကာကွယ်နိုင်ပါတယ်။" လို့ ကျန်းမာရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ Eert Schoten ကပြောခဲ့ပါတယ်။ လက်ဖက်ခြောက် ရေနွေးကြမ်းနဲ့လက်ဖက်စိမ်း ရေနွေးကြမ်းတွေကို သောက်သုံးသင့်ကြောင်း ကျန်းမာရေး တာဝန်ခံတွေက အကြံပြုထားပါတယ်။
Healthcare.com.mm
Ref:
Skyler
သစ်ထူးလွင်(ကျန်းမာရေး)
Source: Daily Mail
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

