Print

အကောင်းဆုံး ရေသောက်ချိန်များ

  30-Oct-2016
Preview Image

ရေကို ဘယ်အချိန်သောက်ရင် အကောင်းဆုံးလဲဖြစ်မလဲ၊ ဘယ်အချိန်သောက်သောက် မရဘူးလား၊ ရေဆာတိုင်းသောက်ရင်ရော ဘာဖြစ်မလဲ။ ဘယ်အချိန်မဆို သောက်လို့ရပါတယ်။ ဒါပေမယ့် သူ့အချိန်နဲ့သူ အကျိုးသက်ရောက် မှုလေးတွေတော့ ကွာသွားကြပါတယ်။

(၁) အစာမစားခင် နာရီဝက်ခန့် ရေတစ်ခွက် ကြိုသောက်ထားလျှင် အစာကြေညက်စေမည်။

(၂) ရေမချိုးခင် ရေတစ်ခွက် အရင်သောက်ပေးလျှင် သွေးခုန်နှုန်းမှန်စေ၍နှလုံးအားကောင်းလာစေမည်။

(၃) ညဖက်တစ်ရေးနိုးလာသည့်အခါ ရေတစ်ခွက်သောက်ပေးလျှင် ခြေသလုံး ကြွက်သားများအားကောင်းစေ၍ ကြွက်တက်ခြင်းကို ကာကွယ်ပေးစေမည်။

(၄) ညမအိပ်ခင် ရေတစ်ခွက်သောက်ပေးလျှင်နှလုံးနှင့်အကြောများကို အားကောင်းစေ၍ နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးမည်။

(၅) မနက်အိပ်ယာထချိန် ရေတစ်ခွက်(သို့မဟုတ်) နှစ်ခွက်ခန့် သောက်ပေး ပါက တစ်ညလုံး ငြိမ်သက်နေသည့် ၀မ်းတွင်းမှာ ကလီစာများ၊ အူများကို ပြန်လည်သက်ဝင်လှုပ်ရှားစေပြီး အူသိမ်အူမများထဲမှ အညစ်အကြေးများအားလုံးကို ဆေးကျော

သန့်စင်ပေးမည်။

 

ရေကို ဘယ်အချိန်မှာ မသောက်သင့်သလဲ

ထမင်းစားနေစဉ်မှာ ရေအေးကိုမသောက်သင့်ပါ။ ရေအေးဆိုသည်မှာ ရေခဲရေ၊

ရိုးရိုးရေ နှစ်မျိုးစလုံးပါ၀င်ပါသည်။ အကြောင်းမှာ ထမင်းဟင်းထဲမှာပါတဲ့ အပူဓါတ်နဲ့

အနွေးဓါတ်တွေကို ရေအေးက ဖျက်ဆီးနိုင်ပြီး ဟင်းထဲမှာပါတဲ့ အဆီများကို ရွံ ့စေးများအဖြင့်ပြောင်းလဲစေကာ ခဲစေပြီး အူကင်ဆာများကို ဖြစ်စေနိုင်လို့ပါပဲ။

ထမင်းစားနေစဉ် အစာအိမ်ထဲက အက်ဆစ်ထွက်ရှိမှုကို ရေအေးသောက်လိုက်သည့်

အတွက် အပူအအေးဓါတ်ကို မမျှတမှုဖြစ်စေပြီး အစာကိုခဲပျစ်စေပါတယ်။ ထို ့ကြောင့်

ထမင်းစားနေစဉ်မှာ ရေအေးကို မသောက်ပဲ ရေနွေးကြမ်း၊ ရေနွေးဖြူ ၊ ဟင်းချိုပူပူနွေးနွေးများကိုသာ သောက်သုံးကြဖို ့အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးသတင်းများက မကြာခဏ တိုက်တွန်း ဖော်ပြလေ့ရှိပါတယ်။

အသက်ကိုညာဏ်စောင့်ဆိုသည့်စကားအတိုင်း ကျန်းမာရေးအသိများဖြင့် ကိုယ့်အသက်ကိုယ်ကို စောင့်ထိန်းနိုင်ကြပါစေ။

 

Ref:

စောနွဲ ့နေဆိုင် (ပူတာအို)

ကိုးကား - When is the best time to drink water

Saw Noi Nay Saing - Putao



Related Articles


Advertisment 18