Print

ကိုယ်ဝန်ဆောင်ချင်ခြင်းတက်ခြင်း

  14-Apr-2020
Preview Image

          ပုံမှန်မဟုတ်တဲ့ အရာဝတ္ထုတွေ၊ စားလို့မရတဲ့ ပစ္စည်းတွေကို စားချင်သောက်ချင်စိတ်ဖြစ်တဲ့ အခြေအနေတစ်ရပ်ကို pica လို့ခေါ်ပါတယ်။ မြန်မာအခေါ် ချင်ခြင်းတပ်တယ်လို့ သုံးကြတယ်။ အာဟာရဓာတ်မရှိတာကို စားချင်တဲ့စိတ် အခြေအနေမျိုးကို ကိုယ်ဝန်ဆောင်တွေမှာ အဓိကတွေ့ရတတ်တယ်။ အများစုဟာ ကိုယ်ဝန်ဆောင်ပထမပတ်အတွင်း စတင်တွေ့ရတတ်ပြီး ဒုတိယသုံးပတ်မှာတော့ ဒီလိုစားချင်စိတ်ဟာ အမြင့်ဆုံးရောက်လာပါတယ်။ ကံကောင်းတာတစ်ခုက ကိုယ်ဝန်ဆောင်နောက်ဆုံးသုံးပတ်မှာ အဆိုပါမူမမှန်တဲ့ စားချင်စိတ်ဟာ ပျောက်ကွယ်သလောက် ဖြစ်သွားတာပါ။ ကိုယ်ဝန်ဆောင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ချင်ခြင်းတပ်တာ မတူကြဘူး။


          တချို့က ရေခဲကို ဝါးစားချင်တယ်။ တချို့က ရွှံ့စေး၊ တချို့က ဖွဲပြာ၊ တချို့က မြေကြီး၊ တချို့ကသတ္ထုအပိုင်းအစကို စားချင်တာမျိုး။ တစ်ခါတစ်ရံ နံရံမှာ သုတ်ထားတဲ့ သုတ်ထားတဲ့ သုတ်ဆေးခြောက်အဖတ်တွေခွာပြီး စားချင်တာမျိုးလည်း ရှိနိုင်တယ်။ ယေဘုယျအားဖြင့် စက္ကူ၊ ဆပ်ပြာ၊ အဝတ်အစ၊ ဆံပင်၊ ကြိုးစ၊ သိုးမွေး၊ မြေမှုန်၊ မြေဖြူ၊ နနွင်း၊ သုတ်ဆေး၊ ကော်စေး၊ သတ္ထု၊ ကြေးနီ၊ သွပ်၊ သံ၊ ကျောက်စရစ်ခဲ၊ ပြာ၊ မီးသွေး၊ ရွံ့ဆေး၊ ကော်မှုန့်စတာတွေကို ချင်ခြင်းတပ်တာ များတယ်။ အဆိုပါပစ္စည်းတွေဟာ မိခင်ကိုသာမက မွေးလာမယ့် ကလေးကိုပါ ဒုက္ခရောက်စေတတ်တယ်။ အထူးသဖြင့် ဓာတုပစ္စည်းတွေ၊ သတ္ထုပစ္စည်းတွေဟာ ကလေးနှလုံးထိခိုက်တာ၊ မွေးရာပါ မသန်စွမ်းတာမျိုးထိ ဖြစ်နိုင်လို့ သတိပြုရမယ်။

 

         ကိုယ်ဝန်ဆောင်တွေမှာ သတ္ထုဓာတ်နဲ့ အာဟာရချို့တဲ့မှုကို အရင်သွေးစစ်ပြီးမှ လိုသလို ကုသရပါတယ်။ တစ်ခါတစ်ရံ ချင်ခြင်းတပ်တဲ့စိတ်ဟာ သတ္ထုဓာတ်ပြန်လည်ဖြည့်တင်းပြီးတာနဲ့ ပြန်ကောင်းသွားကြတယ်။ အကယ်၍ ချင်ခြင်းတပ်တဲ့အပြုအမူဟာ တစ်လကျော်သည်ထိ မပျောက်ဘူးဆိုရင် အမူအကျင့်ဆိုင်ရာ ကုသနည်းတွေဆက်လက်ကုသဖို့ လိုပါတယ်။


ကုနည်း

        ဆေးထဲမှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲပေးတဲ့ ဆေးတွေကို အသုံးပြုနိုင်တယ်။ လက်ရှိမှာတော့ အမူအကျင့် ပြောင်းလဲမှုဆိုင်ရာ နည်းဗျူဟာ (behavioral strategies) တွေဟာ အသုံးဝင်ဆုံးဖြစ်တာ တွေ့ရတယ်။ ကနဦးရှေ့ပြေးလက္ခဏာတွေကို ကြိုတင်သိရှိပြီး ကာကွယ်တာ၊ ပါးစပ်ကို ပစ္စည်းတစ်မျိုးမျိုးနဲ့ အကာကွယ်ပေးတာ၊ စိတ်ခံစားမှုကို လမ်းလွှဲတာ စတဲ့ အမူအကျင့်ဆိုင်ရာ နည်းဗျူဟာတွေကို စနစ်တကျချမှတ်ပြီး စိတ်ကျန်းမာရေးဆရာဝန်က ဂရုတစိုက် အလေးထားဆောင်ရွက်ပေးရတယ်။

Credit : ဒေါက်တာ အေးမင်းထူး



Related Articles


Advertisment 18