Fissure-in-Ano ဂရင်ဂျီနာ / စအိုကွဲနာ
24-Feb-2017
ကိုယ်ခန္ဓာ၏ အညစ်အကြေးစွန့်ထုတ်သောလမ်းကြောင်းသည် စက်ဝိုင်းသဏ္ဍာန် ကြွက်သားများ ကာရံထားသောစအိုဝတွင် အဆုံးသတ်သည်။ စအိုအပြင် အမြှေးတွင် တစ်ခါတစ်ရံ ကွဲအက်ခြင်းဖြစ်ပေါ်လာတတ်ပြီး ၎င်းကို Fissure-in-Ano ဟုခေါ်သည်။
ထိုအခါတွင် မစင်စွန့်ထုတ်တိုင်းတွင် လွန်စွာနာကျင်ပြီး သွေးလည်း တစ်ခါတစ်ရံ ထွက်နိုင် သည်။ ဝမ်းသွားသည့်အခါတိုင်း စအိုဝကျယ်ကားခြင်းနှင့် အညစ်အကြေးတို့တွင် ပါဝင်သော ရောဂါများကြောင့် အနာကျက်ရန် ခဲယဉ်းတတ်သည်။
ဝမ်းပျော့စေရန် ဝမ်းနှုတ်ဆေးသောက်ပေးပြီး ထုံဆေးပါဝင်သော anaesthetic cream ကို လိမ်းပေးခြင်းဖြင့် သက်သာမှုရစေရန် ဆရာဝန်က ညွှန်ကြားပေးပါ မည်။ ရောဂါပျောက်ကင်းရန် ခွဲစိတ်ကုသမှုခံယူသင့်ပြီး ဝမ်းမချုပ်အောင် နေထိုင်ခြင်းဖြင့် ကြိုတင်ကာကွယ်သင့်လှပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစု ကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

