Print

မြို့နယ် ၃ဝဝ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်နိုင်သည့်နေရာများအဖြစ်သတ်မှတ...

  19-Dec-2017
Preview Image

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃ဝဝ ကျော်ကို ငှက်ဖျားရောဂါ ကူးစက်မှုရှိနိုင်တဲ့ နေရာတွေ အဖြစ် သတ်မှတ်ထားပြီး ရောဂါအဖြစ်များတာက ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့ ဖြစ်တယ်လို့ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်မန်နေဂျာ ဒေါက်တာ အောင်သီ က ပြောပါတယ်။


ဒီဇင်ဘာ ၅ ရက်က လုပ်ခဲ့တဲ့ အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ပပျောက်ရေး ကွန်ရက်ကပြုလုပ်တဲ့ ငှက်ဖျားရောဂါ ရက်သတ္တပတ်လှုပ်ရှားမှု အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းကို ၂ဝ၁၂ ဖြစ်နှုန်းရဲ့ ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။


၂ဝ၃ဝ ပြည့်နှစ်မှာ နိုင်ငံအတွင်း ငှက်ဖျားရောဂါကင်းရှင်းရေး ရည်မှန်းဆောင်ရွက်နေတယ် လို့လည်း ဒေါက်တာအောင်သီက ပြောပါတယ်။


“အရင်က မြန်မာနိုင်ငံမှာ ငှက်ဖျား ရောဂါဖြစ်ပွားသူ ၆ သိန်းလောက် ရှိပါတယ်။ မနှစ်ကရရှိတဲ့ စာရင်းအရ ငှက်ဖျားရောဂါဖြစ်ပွားနှုန်း လျော့ကျ သွားတာကို တွေ့ရပါတယ်။ ဖြစ်ပွားမှုနှုန်းက လူ ၁ဝဝဝ မှာ နှစ်ယောက်လောက်ပဲ ဖြစ်ပွားပါ တယ်။ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေး စီမံချက်စာရင်းတွေအရ လူတစ်ထောင်မှာ တစ်ယောက်လောက်၊ အမျိုးသား ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်နဲ့ မိတ်ဖက်အဖွဲ့အစည်း တွေရဲ့စာရင်းတွေအရ လူတစ်ထောင်မှာ နှစ်ယောက်လောက်ဖြစ်ပွားတာ၊ သေဆုံးမှုနှုန်းက လူတစ်သိန်းမှာ ဝ ဒသမ ဝ၄ ရာခိုင်နှုန်းလောက်ပဲရှိတော့တာကို တွေ့ရပါတယ်။ ကိန်းဂဏန်းအရ ပြောရရင်တော့ တစ်နိုင်ငံလုံး ဖြစ်ပွားမှုအနေနဲ့ လူတစ်သိန်း တစ်သောင်းလောက်ပဲ ရှိပါတယ်။”


၂ဝ၂ဝ ပြည့်နှစ်မှာ နေပြည်တော်အပါအဝင် ကျန်တဲ့ဒေသတွေမှာ ဒေသတွင်း ငှက်ဖျားရောဂါဖြစ်ပွားမှု ကင်းစင်တဲ့နေရာတွေအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။


ငှက်ဖျားရောဂါ ရက်သတ္တပတ် လှုပ်ရှားမှုအစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်ကနေ ၈ ရက်အထိ ငါးရက်တာ ကျင်းပနေတာ ဖြစ်ပါတယ်။


ဒီဇင်ဘာ ၄ ရက်မှာ လုပ်ငန်းအဖွဲ့ အလိုက် ဆွေးနွေးမှုများ၊ ဒီဇင်ဘာ ၅ ရက်မှာ အာရှ-ပစိဖိတ် ငှက်ဖျားရောဂါ ကင်းစင်ရေး ကွန်ရက် နှစ်ပတ်လည်အစည်းအဝေး၊ ဒီဇင်ဘာ ၆ ရက်မှာ အဆင့်မြင့် အရာကြီးများ အစည်းအဝေး၊ ဒီဇင်ဘာ ရ ရက်မှာ မဲခေါင် မြစ်ဝှမ်းနိုင်ငံများက ကျန်းမာရေး ဝန်ကြီး များ အဆင့် အစည်းအဝေးနဲ့ ၊ ဒီဇင်ဘာ ၈ ရက်မှာ မဲခေါင်မြစ်ဝှမ်းနိုင်ငံများက ကျန်းမာရေး ဝန်ကြီးများအဆင့် အစည်းအဝေးတို့ကို ကျင်းပဖို့ရှိပါတယ်။


Credit : dvbnews



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18