မိမိဖာသာ စိတ်ဖြေဖျောက်တာ အန္တရာယ်ရှိ ပါသလား။
24-Feb-2017
အန္တရာယ်မရှိ်ပါ၊ ဇီဝကဗ္မဗေဒသဘောအရ ပြောရရင်စိတ်ဖြေဖျောက်ခြင်းဟာ သာမန်လုပ်ငန်းရပ်တစ်ခုပါ။ အရွယ်ရောက်ချိန်မှာပြုလုပ်လေ့ရှိပါတယ်။ တချို့အသက် အရွယ်ကြီးသူတွေလည်း လုပ်ဆောင်တတ်ကြပါတယ်။ ကျန်းမာရေးအတွက် လုံးဝ အန္တရာယ်မရှိဘူးလို့ဆိုရမှာပါ။
လူငယ်လူရွယ်တွေကြားမှာ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တယ်ဆိုပြီး အမျိုးမျိုးပြောတတ်ကြပါတယ်။ နောက်ပြီး လူကြီးတွေခြောက်လန့် ပြောတာမျိ်ုး လည်းရှိပါတယ်။ ဒါကြောင့်လူငယ်လူရွယ်တွေ စိတ်ဖြေဖျောက်ခြင်းနှင့် ပတ်သက်ပြီး အယူအဆလွဲမှားတာ အလွန်အကျွံ ကြောက်လန့်တာမျိုးတွေ့နေရပါတယ်။
အမှန်တော့ စိတ်ဆန္ဒဖြစ်လို့ အပျော်အပါးလိုက်စားတာထက် ကိုယ်တိုင်ဖြေဖျောက် တာဟာ ကျန်းမာရေးအတွက် အကောင်းဆုံး ရွေးချယ်နည်းတစ်ခု ဖြစ်တယ် လို့တောင် ပြောရမှာပါ။ ဒီနေ့ခေတ်အခါမှာ ရောဂါပေါင်းများစွာအတွက် ကြောက်နေကြ ရတာ သတိပြုမိမှာပါ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာအေးကျော် ( ဇီဝကမ္မဗေဒ)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

