မီးဖွားပြီးလို့ ဘယ်လောက်ကြာမှ ချစ်တင်းနှီးနှောမှုပြန်လုပ်သင့်တယ်ဆိုတာ
30-Oct-2016
ကလေးမွေးပြီးတဲ့အချိန် အမျိုးသမီးတွေရဲ့မွေးလမ်းကြောင်းဟာ သူ့ခံနိုင်အား အဆုံးစွန်ထိ ဆန့်ထုတ်ဆွဲငင် တွန်းထုတ်ခံခဲ့ရတာဖြစ်ပြီး မတော်ရင် ပြဲထွက် ဒါမှမဟုတ် ကွဲဲတောင်ကွဲနေနိုင်ပါသေးတယ်။ ဒါ့ကြောင့်လဲ ဆရာဝန်အများစုက မိခင်တွေကို ကလေးမွေးပြီး ၆ ပတ်အထိ ဘာမှမလုပ်သေးလဲ နားနားနေနေ နေထိုင်ဖို့ အကြံပြုထားတာပဲဖြစ်ပါတယ်။ ၆ ပတ် (နာရီပေါင်း ၁,၀၀၈ နာရီ) ဆိုတာ အင်မတန်ရှည်ကြာတဲ့ ကာလဆိုပေမယ့် ဒီမွေးလမ်းကြောင်းနဲ့ သားအိမ်က အရင်လို ပြန်ဖြစ်ဖို့ အလုပ်လုပ်နေရချိန်ပါ။ အမှန်တော့ ၆လပြည့်အောင် လူတိုင်းမစောင့်နိုင်ကြပါဘူး။ ဘရာဇီးလ်နိုင်ငံ Sao Paulo တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက မိခင် ၈၀၀ ကို သူတို့အတူနေတဲ့ အလေ့အထတွေ မေးမြန်းကြည့်ရာမှာ စိတ်ဝင်စားစရာ ရလဒ်အဖြေတွေ တွေ့ရပါတယ်။ ယင်းလေ့လာချက်အရ ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ မီးဖွားပြီး ၂ လကျော်ကြာမှ အတူနေကြတယ်လို့ ဆိုပါတယ်။ မီးဖွားပြီးလို့ အတူပြန်နေဖို့ သတ်မှတ်ကာလတွေ ကွဲပြားကြပြီး ၁၇% ထက်မနည်းသော စုံတွဲတွေက သတ်မှတ်ထားတဲ့ ၆ ပတ် မစေ့ခင် အတူပြန်နေကြပြီး ၆၂% တို့က ၆ ပတ်မြောက်မှာ အတူပြန်နေကြတာ တွေ့ရပါတယ်။ တပြိုင်နက်တည်းမှာပဲ အမျိုးသမီး ၂၂% က ၃လ ထက် ပိုစောင့်ကြပြီး ကျန်အမျိုးသမီးအားလုံးဟာ ရ လမြောက်ထိအောင် စောင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကံမကောင်းစွာဖြင့် စိတ်မကောင်းစရာတွေ့ရှိချက်တွေလည်း ရှိပါတယ်။ ကလေးမွေးပြီးနောက်ပိုင်းမှာတော့ အတူနေရတဲ့အချိန်လျော့လျော့လာတယ်လို့ ၂၁.၂% ကပြောဆိုခဲ့ပြီး ၈၇% ကကလေးမွေးဖွားပြီးနောက်ပိုင်းကာမစိတ်ဆန္ဒတွေ သိပ်မရှိတော့ဘူးလို့ ဆိုကြပါတယ်။
Healthcare.com.mm
Ref: womenhealth
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

