ကျွန်မနှင့် အမြုံ (၃)
28-Feb-2017
ကျွန်မနှင့် အမြုံ (၃)
သုတ်ရည်အတွင်း သုတ်ကောင်လုံးဝမရှိသူ ယောကျ်ား အမြုံ များနှင့်လည်း
တွေ့ကြဖူးသည်။ ရန်ကုန်မြို့ပေါ်ရှိ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနှင့် လှည့်လည် ပြသနေသည်မှာ ၁၅ နှစ် ရှိနေသော်လည်း မျှော်လင့်ကြီးစွာနှင့် ကျွန်မရုံးခန်းအတွင်းသို့ အသက် ၄၀ နှစ်ရှိ ယောကျ်ားတစ်ဦး ဝင်လာခဲ့သည်။ စာရွက်စာတမ်း တစ်ထပ်ကြီးကို ထုတ်ပြပြီး သူတို့ဇနီးမောင်နှံ ကလေးရနိုင်စရာ ရှိမရှိ မေးမြန်းခဲ့သည်။ သုတ်ရည်စစ်ဆေးချက်များ အကြိမ်ကြိမ် အဖြေမှာလည်း သုတ်ကောင် လုံးဝမပါခြင်း တူညီနေကြသည်။
ပြတ်ပြတ်သာသား ပြောမှဖြစ်ချေတော့မည်ဟူ၍ ဆုံးဖြတ်ပြီး..။
“ရှင်လည်း ရှင့်ချို့ယွင်းချက်ကို သိပြီး ဖြစ်မှာပါ။ ရှင့်ဇနီးဟာ ရှင်နဲ့ဆို ဘယ်တော့မှ ကလေးမရနိုင်ဘူး။ စိတ်ကိုလျှော့လိုက်ပါတော့ ကိုယ့်ဆွေမျိုးထဲက ဖြစ်ဖြစ် ကလေးတစ်ယောက်ကို မွေးစားလိုက်ပါ။ ကျွန်မတို့ ဆေးရုံမှာလည်း အမေပစ်သွားတဲ့ ကလေး၊ မိဘက မကျွေးနိုင်လို့ ဆေးရုံပေးသွားတဲ့ ကလေးတွေ ရှိပါတယ်။ ကြိုက်တာရွေး မွေးစားလို့ရပါတယ်။”
“ ကျေးဇူးတင်ပါတယ် ဒေါက်တာ”
စာရွက်စာတမ်းများကောက်ယူ၍ ခေါင်းငိုက်စိုက်ကျပြီး ထွက်ခွာသွားပါသည်။ ကျွန်မမှာ သူ့အတွက် စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, May 2016
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

