အဆီကျိတ်အကြောင်း သိကောင်းစရာ
07-May-2017
အဆီကျိတ်သည် အရေပြားအောက််ရှိ အဆီလွှာမှအဆီများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ အထူးသဖြင့် လည်ပင်း၊ နောက်ကျော၊ ပခုံး၊ လက်မောင်း၊ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် အဖြစ်များပါသည်။အဆီကျိတ်သည် မကူးစက်တတ်သော မနာကျင်သော အလုံးလေးဖြစ်ပြီးများသောအားဖြင့် အန္တရာယ်မပေးတတ်ပါ။ အဆီကျိတ်ဆိုသည့်အတိုင်း ခပ်ပျော့ပျော့ဖြစ်ပြီး လက်ချောင်းလေးများနှင့်အလွယ်တကူ ရွှေ့လို့ရပါသည်။ အရာင်မှာများသောအားဖြင့် ခပ်ဖျော့ဖျော့အသားရောင်အတိုင်း ဖြစ်ပြီး အရေပြားအောက်တွင် ရှိပါသည်။အဆီကျိတ်သည် ဖြည်းဖြည်းချင်းကြီးလာတတ်ပါသည်။အသက် ၄၀ နှင့် ၆၀ ကြားတွင် ပို၍အဖြစ်များပြီး မျိုးရိုးလိုုက်တတ်ပါသည်။ အကယ်၍ မိမိတွင် အထက်ဖော်ပြပါ လက္ခဏာများပေါ်ပေါက်လာပါက ဆရာဝန်နှင့် အဆီကျိတ်ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။ အဆီကျိတ်ကို ခွဲစိတ်ကုသခြင်းဖြင့်သော်လည်းကောင်း၊ အဆီစုပ်ထုပ်ခြင်းအားဖြင့်သော်လည်းကောင်း၊ ဆေးထိုးခြင်းဖြင့်သော်လည်းကောင်း ကုသ၍ရပါသည်။
Writer : Dr Toe
Credit : www.healthline.com
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

