ဆီးကျိတ်ကြီးတာ ကုလို့ရ၊ မရ
01-Mar-2017
ဆွေးနွေးခဲ့တာတွေကတော့ ဆီးကျိတ်ကြီးထွားတဲ့ရောဂါမှာ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်တတ်တဲ့သဘောတွေ ဖြစ်ပါတယ်။ အတိုချုပ် ထပ်တင်ပြရရင်တော့ (1)ဆီးလုံးသေးပြီး ဆီးသွားရတာ ပိုကြာမြင့်ခြင်း (Poor Stream) (2) ဆီးသွားဖို့ စောင့်ဆိုင်းနေရခြင်း (Hesitancy) (3)ဆီးသွားလို့ ပြီးခါနီးမှာ ဆီးထွက်တာနှေးပြီး အစက်လိုက်ကျခြင်း (4) ဆီးကျန်တယ်လို့ ခံစားရတာ (Poor Empty) အပြင် (5) ဆီးမကြာခဏ အထူးသဖြင့် ညအိပ်ရာဝင်ချိန်တွင် သွားရခြင်း (Frequency) နဲ့ (6) ဆီးမထိန်းနိုင်လို့ အိမ်သာသို့ ရေးကြီးသုတ်ပျာသွားရခြင်း (Urgency) တွေ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်သူတစ်ဦးမှာ ဒီရောဂါလက္ခဏာတွေ ပေါ်လာရင် ဆီးကျိတ်ကြီးထွားလို့ ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမဲ့ ဆီးကျိတ်ကြီးထွားသူတိုင်းမှာတော့ ဒီလက္ခဏာတွေ မပေါ်ပါဘူး။ ၅၀% မှာသာ တွေ့ရှိရပါတယ်။ ဒီလက္ခဏာတွေဟာ ဆီးကျိတ်ကြီးထွားမှု ပမာဏပေါ်လည်း လုံးဝမူတည်တာ မဟုတ်ပါဘူး။ ဆီးလမ်းကြောင်းကို ဘယ်လောက်ပိတ်ဆို့တယ်၊ ဘယ်လိုနောက်ဆက်တွဲရောဂါတွေ ဖြစ်ပေါ်နေတယ်ဆိုတာပေါ်မှာ မူတည်ပါတယ်။ဒါကြောင့်မိမိတို့မှာ ဆီးကျိတ်ကြီးထွားတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာပါက ကုသဖို့ သင့်၊ မသင့်၊ ဘယ်လို ကုသသင့်တယ် ဆိုတာကို တတ်သိကျွမ်းကျင်တဲ့ သမားတွေနဲ့ ပြသစစ်ဆေးခံ၊ဆွေးနွေးကြဖို့ သင့်လှပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ZIWAKA NOVEMBER 2014
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

