အကျိအိတ်ရောင်ခြင်း (BURSITIS)
27-Feb-2017
ခန္ဓာကိုယ်လှုပ်ရှားရာတွင် အဆင်ပြေချောမော ပြေပြစ်စေရေးအတွက် အဆစ်အမြစ်များ၌ အကျိအိတ်များရှိသည်။ ထိုအကျိအိတ်တို့ ရောင်ရမ်းခြင်းဖြစ်သည်။ လက်ဆစ်၊ တံတောင်၊ ပခုံး၊ ဒူး စသည်တို့၌ အကျိအိတ် (Bursace) ကလေးများရှိသည်။ ထို အကျိ အိတ်ထဲတွင် အရည်များရှိ၏။ လူတစ်ကိုယ်လုံးတွင် အကျိအိတ်ပါသော နေရာပေါင်း ၁၅၀ ကျော်ရှိသည်။ ထိုနေရာများတွင် ရောင်ရမ်း၍ နာကျင်မှု ဖြစ်သည်မှာတစ်နေရာတည်းတွင် ဖိ၍ အသုံးပြု လှုပ်ရှားခြင်းကြောင့် ဖြစ်သည်။ ဥပမာ အားဖြင့်တစ်နေ့လုံး တင်းနစ်ရိုက်ခြင်း၊ ဂေါက်သီးရိုက်ကစားခြင်းကြောင့် ထိုပခုံးနေရာ၌ နာကျင်ရသည်။ ပြင်းထန်သော အခြေအနေများ၌ ထိုပထက်ပို၍လည်းကြာနိုင်သည်။ လောလောဆယ်အားဖြင့် ထိုဝေဒနာကို လုံးဝပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်သော ကုသနည်းဟူ၍ မရှိသေးပေ။ အောက်ပါတို့မှာ ဝေဒနာဖြစ်ပေါ်လျှင် သက်သာအောင်ပြုလုပ်ပေးနိုင်သော လက်တွေ့နည်းများ ဖြစ်သည်။
ဘမ်းပရုတ်ဆီ လိမ်းနိုင်သည်
ကျားဘမ်းပရုတ်ဆီကိုလည်း တစ်နေ့လျှင် တစ်ကြိမ်၊ နှစ်ကြိမ်လိမ်းပေးနိုင်သည်။ ပရုတ်ဆီ အသင့်မရှိလျှင် အိမ်တွင် နနွင်းမှုန့်ကို ရေနှင့်နယ်စပ်ပြီး လိမ်းပေးနိုင်ပါသည်။
ဖြည်းညင်းစွာ လှုပ်ရှားလေ့ကျင့်ပါ
နာကျင်မှုသက်သာပျောက်ကင်းပြီဆိုလျှင် လေ့ကျင့်ခန်းကို ဖြည်းညင်းစွာ ပြုလုပ်ရမည်။ တံတောင်ဆစ်နှင့် ပခုံးနာကျင်မှုအတွက်ဆိုလျှင် လက်နှစ်ဖက်ကို အချိန်အနည်းငယ်မျှ လွှဲပေးရမည်။ တစ်နေ့လျှင် မကြာခဏ ပြုလုပ်ပေးရမည်ဟု ဆရာဝန်ကဆိုသည်။
အရောင်လျော့စေသည့် သဘာဝဆေး
Flaxseed Oil မှာ အရောင်လျော့စေသည့် အိုမီဂါ-၃ ခေါ် ဖက်တီးအက်ဆစ်များ ပါဝင်သဖြင့် အချို့သူများက သုံးကြသည်။ ထိုဆီကို ဟင်းရွက်သုပ်ထဲတွင် လက်ဖက်ရည်ဇွန်း တစ်ဇွန်း (သို့) နှစ်ဇွန်းခန့်ဖျန်း၍ စားနိုင်သည်။
သည်းခံ၍ ပြုစုကုသပါ
အကျိအိတ်ရောင်ရမ်းသော ဝေဒနာသည် ၁၀ ရက်မျှ ပျောက်ကင်းချိန် ကြာတတ်သဖြင့် သည်းခံ၍ ကုသသင့်သည်။ ဤနည်းများဖြင့် မသက်သာလျှင် ဆရာဝန်ကိုပြဖို့ဖြစ်သည်။
Healthcare.com.mm
Ref:
မောင်ဆုရှင် မြန်မာပြန်သည်
အိမ်တွင်းသမားတော် ဒုတိယတွဲ စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

