Rheumatoid arthritis ( အဆစ်အမြစ်ရောင် သွေးလေးဖက်နာ )
06-May-2017
အကျဉ်းရှင်းလင်းချက်
သွေးလေးဖက်နာဆိုသည်မှာ သင့်အရိုးအဆစ်များအပြင် ကိုယ်ခန္ဓာ၏ အခြားအစိတ်အပိုင်းများကိုပါ ထိခိုက်စေနိုင်သော ကြာရှည်ရောင်ရမ်းရောဂါတစ်ခုဖြစ်သည်။
လူတစ်ချို့တွင် အရေပြား၊ မျက်စိ၊ အဆုတ်၊နှလုံးနှင့် သွေးကြောများအစရှိသော ကိုယ်ခန္ဓာအနှံ့အပြားကို ထိခိုက်စေနိုင်သည်။
သွေးလေးဖက်နာသည် ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ပုံမမှန်မှုကြောင့်ဖြစ်သောကြောင့် သင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို မှားယွင်းတိုက်ခိုက်တတ်သည်။
ပျက်စီးယိုယွင်းခြင်းကြောင့်ဖြစ်သော အရိုးကျီးပေါင်းရောဂါ ( Osteoarthritis ) နှင့်မတူညီသည်မှာ သွေးလေးဖက်နာရောဂါသည် အရိုးအဆစ်များ၏ နံရံကိုထိခိုက်စေသောကြောင့် နာကျင်စေသော အရိုးဖုရောင်ရမ်းခြင်းဖြစ်ပြီး အရိုးတိုက်စားခြင်းနှင့် အဆစ်ပုံပျက်ခြင်းတို့ဖြစ်စေသည်။
သွေးလေးဖက်နာရောဂါသည် ရောင်ရမ်းခြင်းကြောင့်ဖြစ်သောကြောင့် ကိုယ်ခန္ဓာအစိတ်အပိုင်းမြောက်မြားစွာကို ထိခိုက်နိုင်သည်။သို့သော် ကုသနည်းအသစ်များထွက်ပေါ်လာပြီး ရောဂါများကို သက်သာစေကာ အရမ်းဆိုးဝါးသည့်အခြေအနေတွင်သာ နောက်ဆက်တွဲမသန်မစွမ်းခြင်းသာ ကျန်ခဲ့နိုင်သည်။
လက္ခဏာများ
- အဆစ်များတွင် ပူ၍ နာကျင်သော ရောင်ရမ်းခြင်း
- အရိုးတောင့်တင်းခြင်း ( အထူးသဖြင့် မနက်စောစောပိုင်းနှင့် မလှုပ်ဘဲငြိမ်နေပါက ပိုဆိုးတတ်သည် )
- ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားတက်ခြင်း၊ �

