Print

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း နှင့် စိတ်ကျရောဂါကာကွယ်ခြင်း

  13-Oct-2021
Preview Image

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း နှင့် စိတ်ကျရောဂါကာကွယ်ခြင်း

          ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးခြင်းက ပုံမှန် ကြုံတွေ့နေရတဲ့ စိတ်မကြည်လင်မှုတွေကနေ စိတ်ကျရောဂါရဲ့ လက္ခဏာတွေအထိ သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းက ကိုယ်ရော စိတ်ပါ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းဟာ စိတ်ကျနေတဲ့ အခါမှာ အလုပ်ပုံမှန်မလုပ်တော့တဲ့ ဦးနှောက် အစိတ်အပိုင်းတွေကို လှုံ့ဆော်မှု ပေးနိုင်ပါတယ်။ ကောင်းမွန်တဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးနိုင်ပြီး စိတ်ပူစရာတွေကို မတွေးမိအောင်ကူညီပေးနိုင်တဲ့ အပြင် မိမိကိုယ်ကို ယုံကြည်မှုကို တိုးတက်စေနိုင်ပါတယ်။

          စိတ်ကျခြင်းဆိုတာ စိတ်လေခြင်းနဲ့ ဝမ်းနည်းခြင်းတွေကို အမြဲလိုလို ခံစားနေရတဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အကြောင်းအရင်းများစွာကြောင့် ဖြစ်ပေါ်ရတဲ့ ရောဂါဖြစ်ပြီး ဦးနှောက်က ထုတ်လွှတ်တဲ့ ဓာတုပစ္စည်းတွေကလည်း တစ်နေရာက ပါဝင်ပါတယ်။

          လေ့ကျင့်ခန်းက စိတ်ကျခြင်းကို သက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေတဲ့  ဓာတုပစ္စည်းတွေ ဦးနှောက်က ထုတ်လွှတ်ပေးစေနိုင်ပါတယ်။ ကိုုယ်လက်လှုပ်ရှားမှု လုပ်တဲ့အခါမှာ ဦးနှောက်က အန်ဒိုဖင်န်(Endophin) ဆိုတဲ့ ဓာတ်ကို ထုတ်လွှတ်ပေးပါတယ်။ အန်ဒိုဖင်န်က နာကျင်မှုနဲ့ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။

          ဒိုပါမင်း၊ နော်အပီနက်ဖရင်းန် နဲ့ ဆီရိုတိုနင် တို့ကိုပါ လေ့ကျင့်ခန်း က ထွက်ပေါ်စေနိုင်ပါတယ်။  ဒီ ဓာတ်ပစ္စည်းတွေက စိတ်အခြေအနေကို ကောင်းမွန်စေအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ဥပမာအားဖြင့် လေ့ကျင့်ခန်းလုပ်ရာမှာ ထွက်လာတဲ့ ဆီရိုတိုနင်ဟာ  စိတ်အခြေအနေကို ကောင်းမွန်စေပြီး စားခြင်သောက်ခြင်စိတ်ကို တိုးတက်စေပြီး အိပ်ပျော်စေနိုင်ပါတယ်။

          လေ့ကျင့်ခန်းလုပ်ခြင်းက ရရှိနိုင်တဲ့ အခြားစိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေလည်းရှိပါတယ်။ ဥပမာ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေ အပေါ် အာရုံစိုက်ရတဲ့ အတွက်ကြောင့် မကောင်းတဲ့ အတွေးတွေ ဝင်မလာအောင် တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် လုပ်ရမယ့် လေ့ကျင့်ခန်း အရေအတွက်ကို ပြီးမြောက်အောင် လုပ်တဲ့ အခါမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တိုးတက်စေနိုင်ပါတယ်။

          လေ့ကျင့်ခန်းကို ဘယ်ပမာဏပဲ လုပ်လုပ် အကျိုးရှိတယ်ဆိုပေမယ့် ပုံမှန်လုပ်တာက အကောင်းဆုံးဖြစ်ပြီး လေ့ကျင့်ခန်း ပုံစံပေါ်လိုက်ပြီးလဲ အကျိုးကျေးဇူး ကွာခြားနိုင်ပါတယ်။  

          စိတ်ကျခြင်းအတွက် အကောင်းဆုံး လေ့ကျင့်ခန်းကတော့ အေရိုးဗစ် (aerobic) လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ နှလုံးခုန်နှုန်းကို မြန်စေပြီး ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဦးနှောက်စွမ်းဆောင်ရည် ကောင်းမွန်လာစေပြီး ဓာတုပစ္စည်း  ထုတ်လုပ်မှုကို မှန်ကန် ကောင်းမွန်စေပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းက ခန္ဓာကိုယ် ကောင်းကျိုးလည်းများစွာ ရနိုင်ပါတယ်။

          လမ်းလျှောက်ခြင်းဟာလည်း အေရိုးဗစ် လေ့ကျင့်ခန်း တစ်ခုဖြစ်ပြီး  တစ်နေ့ကို မိနစ်သုံးဆယ် တစ်ပတ်ကို ငါးရက် လုပ်ပေးခြင်းက အရွယ်ရောက်ပြီးသူတိုင်းလုပ်သင့်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ တခြား အေရိုးဗစ် လေ့ကျင့်ခန်းတွေက ရေကူးခြင်း ၊ စက်ဘီးစီးခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။  ဒါ့အပြင် အလေးမတာ ယောဂကျင့်တာ စတဲ့ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းမျိုးကို တပတ်နှစ်ကြိမ်လောက် လုပ်ဆောင်ပေးသင့်ပါတယ်။

          ကျန်းမာရေးနဲ့ ညီပြီး မျှတတဲ့ အစားအသောက်ကလည်း စိတ်ကျန်းမာရေးအတွက ်အရေးကြီးပါတယ်။ ဥပမာ ကာဗိုဟိုက်ဒရိတ်နဲ့ အသားဓာတ်ကြွယ်ဝတဲ့ အစားအေသာက်တွေဟာ အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ လိုအပ်တဲ့ စွန်းအင်ကို လည်းပေးစွမ်းနိုင်ပါတယ်။

          ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအေသာက်မှာ အသီးအနှံ့တွေ ဟင်းသီးဟင်းရွက်တွေ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေ  အဆီမပါတဲ့ အသားတွေ  ၊ ဆန် ၊ ဂျုံ စတာတွေပါဝင်ပါတယ်။ ရှောင်သင့်တဲ့ အစားအစာတွေကတော့ သကြားမျာတဲ့ အစားအစာတွေ၊ ပြည့်ဝဆီနဲ့ ဆားများတဲ့ အစားအစာတွေဖြစ်ပါတယ်။

Dr.Aung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18