စိတ်ဖိစီးမှု လျှော့ချနိုင်သည့် အလေ့အထများ
29-Mar-2018• စိတ်ဖိစီးမှုဆိုတာ လူသားတိုင်း ကြုံကြိုက်ရတဲ့ဇရာပါ။
• စိတ်ဖိစီးမှုဒဏ်ခံရတာ ကြာလာတဲ့အခါ ကိုယ်လက်စိတ်ပါ ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။
• ဒါကြောင့် စိတ်ဖိစီးမှုလျှော့ချနိုင်တဲ့ အလေ့အထ တွေကိုလုပ်ဆောင်သင့်ပါတယ်။
(၁) စာချရေးခြင်း
• ဒိုင်ယာရီ စာအုပ်ထဲချရေးတာက ဆယ်ကျော်သက်တွေအတွက် သာမက လူကြီးတွေအတွက်လည်း စိတ်ဖိစီးမှုပြေလျော့စေတဲ့ အချက်ပါ။
• စိုးရိမ်ကြောင့်ကြမှု၊ ပူပင်သောက ဖြစ်နေရတဲ့အတွေးတွေကို စာထဲချရေးလိုက်တာကြောင့် စိတ်ဖိစီးမှုလျော့ကျစေပါတယ်။
(၂) စာဖတ်ခြင်း
• စာဖတ်ခြင်းဟာလည်း စိတ်ဖိစီးမှုကို တွန်းလှန်ပေးနိုင်ပါတယ်။
• လေ့လာမှုများအရ အချိန် ခြောက်မိနစ်ခန့် စာဖတ်ခြင်းဟာ စိတ်ဖိစီးမှုကို သုံးပုံတစ်ပုံခန့် လျော့ကျစေတယ်လို့သိရပါတယ်။
• စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးခုန်မြန်ခြင်းနှင့် ကြွက်သားတောင့်တင်းမှုတွေကို လက္ခဏာတွေကို သက်သာစေပါတယ်။
(၃) ယောဂကျင့်ခြင်း
• ယောဂကျင့်တာကြောင့် ခန္ဓာကိုယ်ကို ပျော့ပျောင်းသန်စွမ်းစေပြီး စိတ်နဲ့ကိုယ်ကိုလန်းဆန်းစေပါတယ်။
• စိတ်ဓာတ်ကျတာကနေ အသက်ရှူရခက်ခဲတဲ့ ဝေဒနာအထိ သက်သာစေပါတယ်။
(၄) သစ်ပင်စိုက်ခြင်း
• စိမ်းလန်းတဲ့ သစ်ပင်တွေကို စိုက်ပျိုးပေးတာကြောင့် စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။
(၅) တောင်တက်ခြင်း
• တောင်တက်တဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ကြည်ရှုထိတွေ့နိုင်တဲ့အတွက် စိတ်ကြည်နှုးမှုကို ဖြစ်စေပါတယ်။
• အပြင်ထွက်ရတာကြောင့် ဗီတာမင်ဒီဓာတ်ကိုလည်း ရရှိစေပါတယ်။
(၆) မိမိဝါသနာထံရာ အလုပ်တစ်ခုခုကိုလုပ်ဆောင်ခြင်း
• ဝါသနာထံသည့်အလုပ်ကို စိတ်ဝင်တစား ပြုလုပ်နေရခြင်းကြောင့် စိတ်ဖိစီးမှုကို သိသိသာသာလျော့နည်းစေပါတယ်။
ဥပမာ - ဇာထိုးပန်းထိုးခြင်း
ဟင်းချက်ခြင်း
ကခုန်ခြင်း တို့ဖြစ်ပါသည်။
Credit: Hsu