စိတ်ကြွရောဂါ
28-Feb-2017
စိတ်ကြွရောဂါ
စိတ်ကြွနေသော လူနာ၏ ထူးခြားသိသာသော လက္ခဏာများမှာ အလွန်အမင်း
တက်ကြွပျော်ရွှင်နေခြင်း၊ ရေပက်မဝင် စကားပြောခြင်း၊ မိမိကိုယ်မိမိ အထင်ကြီး၍
ဘဝင်မြင့်နေခြင်း၊ လှုပ်ရှားမှု မြန်ဆန်သွက်လက်နေခြင်း၊ အသုံးအဖြုန်းများခြင်း၊ ထိန်းသိမ်းဟန့်တားလျှင် စိတ်ဆိုးဒေါသထွက်ခြင်း၊ လုံးဝမအိပ်ဘဲ စိတ်ထင်ရာ လျှောက်လုပ်နေ
တတ်ခြင်းနှင့် အရက်၊ လောင်းကစားနှင့် လိင်အပျော်အပါး ကိစ္စများကို အလွယ်တကူ
လိုက်စားနေခြင်း စသည်တို့ဖြစ်ပါသည်။
စိတ်ကြွရောဂါကုရေးအတွက် အဓိက အသုံးပြုသော ဆေးဝါးများမှာ Antipsychotics ခေါ် စိတ်ဖောက်ပြန်ကုသသော ဆေးများပင်ဖြစ်ပါသည်။ ထိုးဆေး၊ သောက်ဆေးအမျိုးမျိုးရှိပါသည်။ လိုအပ်သလို အသုံးပြုပါသည်။ ဆေးကုချိန် တစ်လလောက်အတွင်း သက်သာသွားတတ်၏။ ရှင်းရှင်းပျောက်ကင်းရန် ဆေးပတ်လည်အောင် ကုရသည်။ များသောအားဖြင့် သုံးလမှ ခြောက်လအတွင်း ကြာတတ်၏။
ဤကုထုံးသည် ပထမဆုံးအကြိမ် စိတ်ကြွသောလူနာများအတွက် အဓိကကျသော ကုထုံးဖြစ်၏။ ယခင် မကြာခဏ ဖြစ်ခဲ့ဖူးသော လူနာများအတွက်မူ Mood Stablizers ခေါ် စိတ်ခံစားမှု ထိန်းညှိဆေးတစ်မျိုးမျိုးကို တွဲပေးရတတ်၏။ ဥပမာ - တစ်နှစ်တစ်ခါလောက်
ဖြစ်နိုင်သော လူနာများအတွက် လတ်တလောကုသရေး၌ အသုံးပြုနိုင်သလို နောက်
တစ်ကြိမ် ပြန်မဖြစ်အောင် ကာကွယ်ရေးအတွက်လည်း အသုံးပြုနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဟန်စိန်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

