စိုးရိမ်ပူပန်ခြင်း
28-Feb-2017
စိုးရိမ်ပူပန်ခြင်း
ကြာရှည်စွာ စိုးရိမ်ကြောင့်ကြမှု ဖြစ်ခြင်းကြောင့် လက်တုန်ခြင်း၊ ချွေးထွက်ခြင်း၊ ရင်တုန်ခြင်း၊ အိပ်မရဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။ ၎င်းမှာ လတ်တလော အကြောင်း တစ်ခုခုကြောင့် ဖြစ်ခြင်းမျိုး မဟုတ်ဘဲ ဝေဒနာရှင်တွင် မိသားစုနှင့်သော်လည်းကောင်း အလုပ်နှင့်ပတ်သက်၍သော်လည်းကောင်း၊ ကာလကြာရှည် ကတည်းက ပြဿနာတ တစ်စုံတစ်ရာ ရှိနေခဲ့ပြီး စိတ်ထဲတွင် မြိုသိပ်ထားရက ဖြစ်တတ်ကြသည်။ ထိုအခြေအနေမျိုးမှာ ကြာလေပိုဆိုးလေ ဖြစ်တတ်ပြီး မိမိအိမ်ထောင်ဖက်နှင့် အခင်မင်ဆုံး မိတ်ဆွေများကို ဖွင့်ပြောပြီး ဆေးကုသမှုကို ခံယူသင့်ပါသည်။
သေစေနိုင်လောက် ဘေးအန္တရာယ်မျိုးမှ ပွတ်ကာသီကာ လွတ်ခဲ့ပြီးနောက် ရက်အတော်ကြာ ကတုန်ကယင် ဖြစ်နေခြင်းမျိုးမှာကား ပုံမှန်ဖြစ်ပါသည်။ သို့ရာတွင် သိုင်းရွိုက်ဂလင်းကြီးခြင်းကြောင့် ဟော်မုန်း အပြောင်းအလဲဖြစ်ပြီး အထက်ပါ လက္ခဏာများ ဖြစ်နိုင်သည်ကိုလည်း သတိမူသင့်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန်စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

