အသက်ကြီးသူများတွင်ဖြစ်တတ်သော စိုးရိမ်မှု လွန်ကဲသည့်ရောဂါများ
28-Feb-2017
အသက်ကြီးသူများတွင်ဖြစ်တတ်သော စိုးရိမ်မှု လွန်ကဲသည့်ရောဂါများ
စိုးရိမ်မှု လွန်ကဲတဲ့ရောဂါ (Anxiety Disorders) တွေမှာကြောက်လန့်တာ၊ ထိတ်လန့်တာ၊ စိတ်စွဲလွန်တဲ့ရောဂါ (Obsessive Compulsive Disorder) ရုတ်တရက် စိတ်ဖိစီးမှုများတဲ့ရောဂါ၊ ယေဘုယျ စိုးရိမ်စိတ်များတဲ့ရောဂါတွေ ပါဝင်နေပါ တယ်။ လေပြင်း မုန်တိုင်းတိုက်တာ၊ မီးလောင်တာ၊ ငလျှင်လှုပ်တာ၊ ဗုံးပေါက်တာ၊ ရေကြီးတာစတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခုကြုံပြီး ကာလတစ်ခုမှာတော့ Post Traumatic Stress Disorder (PTSD) ဆိုတာလည်း ရတတ်သည်။
အသက် ၄၅-၅၀ အရွယ်လောက်ကစပြီး ဒီလို စိုးရိမ်စိတ် လွန်ကဲတဲ့ရောဂါတွေ ဖြစ် တာတွေရှိသလို အသက် ၆၀ လောက်ကျမှ စဖြစ်တာတွေလည်း ရှိပါတယ်။ စိုးရိမ်စိတ် လွန်ကဲတဲ့ရောဂါ ဖြစ်နှုန်းက အသက် ၆၅ နှစ်နဲ့ အထက်မှာ ၅ ဒသမ ၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ လေ့လာချက်တွေ အရ တွေ့ရပါတယ်။ ဒီရောဂါထဲမှာ အဆိုးဆုံးက အကြောက် လွန်တဲ့ရောဂါ (Phobia) ဖြစ်ပါတယ်။ အသက်ကြီးသူတွေမှာဖြစ်တဲ့ အကြောက်လွန်ရောဂါ ဖြစ်နှုန်းက ၄-၈ ရာခိုင်နှုန်းလောက် ရှိပါတယ်။ Panic Disorder လို့ခေါ်တဲ့ အကြောက်လွန်ပြီး သေတော့မယ် လို့ထင်နေတတ်တဲ့ရောဂါက တစ်ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတာကို လေ့လာမှုတွေက ဆိုပါတယ်။ ရောဂါလက္ခဏာတွေက ရိုးရိုး
လူငယ်အရွယ်၊ လူလတ်ပိုင်းအရွယ်တွေမှာ ဖြစ်သလို ပုံစံမျိုးပဲ တွေ့ရပါတယ်။
ဒါပေမဲ့ လူငယ်၊ လူလတ်ပိုင်း တွေမှာ ဖြစ်တာလောက်တော့ မပြင်းထန်ပါဘူး။ မပြင်းထန်ပေမဲ့ အသက်ကြီးလာတဲ့အရွယ်မှာ ဖြစ်တာဆိုတော့ ခံစားရတာတွေတော့ ရှိပါတယ်။ တချို့ဆိုရင် အမြဲတမ်းစိုးရိမ်ကြောင့်ကြနေတဲ့ စိတ်ကို တစ်သက်လုံး ခံစားနေရတာတွေ ရှိပါတယ်။ ကုသရ ကောင်းမှန်း မသိဘဲ သေရမှာကြောက်တဲ့ စိတ်နဲ့ ရှင်သန်နေထိုင်နေတဲ့ သူတွေလည်း ရှိနေတတ်ပါတယ်။ တချို့သက်ကြီးရွယ်အိုတွေ ကတော့ ဖြစ်လာတာကနေ စိုးရိမ်စိတ်တွေ၊ ပူပင်စိတ်တွေ ဝင်လာပြီး ရောဂါပိုဆိုးလာတတ် ပါတယ်။
OCD လို့ခေါ်တဲ့ လက်ခဏခဏ ဆေးတာမျိုး၊ အလွန်အမင်း အသန့်ကြိူက်တာမျိုးလို စိတ်စွဲ လွန်တဲ့ရောဂါမျိုးဖြစ်ရင်လည်း ပစ္စည်းတွေကို နေရာတကျထားပြီး နည်းနည်းလေးမှ အလွဲမခံ၊ အမှားမခံတတ်ဘူး။ ဒီရောဂါဟာ ငယ်ငယ်ကတည်းက သူတို့က တစ်နေ့တာ ဖြတ်သန်းတဲ့ အခါမှာလည်း ဒါပြီးရင် ဒါလုပ်မယ်ဆိုပြီး တင်းတင်းကြပ်ကြပ် ချမှတ်ထားပြီး အလွဲမခံတတ်ပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခ ဦးဉာဏ်ဝင်းကျော် (ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး)
ကျွန်တော်နှင့် ဦးနှောက်စားကြသူများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
