အိပ်မပျော်ခြင်းကြောင့် သေဆုံးနိုင်ချေ မြင့်မားနိုင်
27-Feb-2017
အိပ်မပျော်ခြင်းကြောင့် သေဆုံးနိုင်ချေ မြင့်မားနိုင်
ဘော့စတွန် အမျိုးသမီးဆေးရုံမှ အမျိုးသားများကို လေ့လာမှုအရ အိပ်မပျော်တာရဲ့ တချို့လက္ခဏာတွေဟာ သေဆုံးနိုင်ချေ မြင့်မားတာနဲ့ ဆက်စပ်မှုရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာနှင့် အိပ်ပျော်ဖို့ခက်ခဲတာလိုမျိုး အအိပ်ပြဿနာတွေဟာ
နှလုံးပြဿနာကြောင့် သေဆုံးနိုင်ချေ မြင့်မားနိုင်တယ်လို့ ဆိုပါတယ်။ ယခင်လေ့လာမှုအရလည်း အိပ်တာဟာ နှလုံးကျန်းမာရေးအတွက် အလွန်အရေးကြီးပြီး အိပ်ရေးမဝတာကြောင့်
နှလုံးသွေးကြောနဲ့ ဆက်စပ်နေတဲ့ရောဂါတွေ ဖြစ်နိုင်ချေ များကြောင်း သိရှိခဲ့ပြီးဖြစ်ပါတယ်။
အိပ်ရေးမဝတာဟာ ဆေးလိပ်သောက်တာလိုမျိုး ကျန်းမာရေးအတွက် ထိခိုက်နိုင်
တယ်လို့ နယ်သာလန်မှ သုတေသီတွေကလည်း အကြံပေးထားကြပါတယ်။ အမျိုးသား
တွေကို ခြောက်နှစ်တာ လေ့လာမှုအရ အိပ်ပျော်ဖို့ ခဲယဉ်းသူနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်သူတွေဟာ မအိပ်ပြဿနာမရှိသူတွေနဲ့ နှိုင်းယှဉ်ရင် နှလုံးနဲ့ သက်ဆိုင်တဲ့ပြဿနာကြောင့် သေဆုံးနိုင်ချေ ၅၅ ရာခိုင်နှုန်းမှ ၃၂ ရာခိုင်နှုန်း အသီးသီးမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.258, Junuary 2014, Pg.142
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
