အသက်ကြီးသူများတွင် ဖြစ်တတ်သော အိပ်စက်မှုဆိုင်ရာဝေဒနာ
27-Feb-2017
အသက်ကြီးသူများတွင် ဖြစ်တတ်သော အိပ်စက်မှုဆိုင်ရာဝေဒနာ
အသက်ကြီးလာပြီဆိုရင် အိပ်စက်မှုဆိုင်ရာ ရောဂါဝေဒနာတွေဖြစ်တာ များပါတယ်။ အသက်ကြီးလာလေလေ၊ အိပ်စက်မှုဆိုင်ရာဝေဒနာ ပိုဖြစ်လေလေပဲ။ နေ့ခင်းတစ်ရေး အိပ်ပေးတာက အသက်ကြီးသူတွေအတွက် ကောင်းပါတယ်။ အသက်ကြီးလို့ အိပ်မပျော်လို့ အိပ်ဆေးသောက်ရာက အိပ်ဆေးစွဲတာ၊ ဝတဲ့သူတွေအိပ်ရင်းနှင့် ခေတ္တ အသက်ရှူ ရပ်ရပ်သွားတာတွေ ဖြစ်တတ်ပါတယ်။ ညအိပ်ရင်း ဆီးသွားတာ၊ ရင်ပူတာတွေလည်း ဖြစ် တတ်ပါတယ်။ အရက်နှင့်မူးယစ်ဆေးစွဲတာကြောင့်လည်း အိပ်ရေးပျက်တတ်ပါတယ်။
အဲဒါကြောင့် သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ သူငယ်ပြန်မှတ်ဉာဏ်ချို့တဲ့တဲ့ စိတ်ရောဂါ၊ စိတ်ကျရောဂါ၊ သံသယလွန်ကဲရောဂါ၊ စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါတွေ၊ အရက်နှင့်မူးယစ်ဆေးပြဿနာ၊ အိပ်စက်မှုဆိုင်ရာပြဿနာတွေ မဖြစ်အောင် ရောဂါလက္ခဏာတွေကို စောစောစီးစီးသိပြီး စောစောစီးစီးကုသမှု ခံယူစေနိုင်အောင် လုပ်ပေးခြင်းအားဖြင့် သက်ကြီးရွယ်အိုတွေရဲ့ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးရင်း အသက်ကြီးပေမဲ့ ကျန်းမာတဲ့ အဘိုး၊ အဘွားတွေအဖြစ် ဘဝမှာလျှောက်လှမ်းနိုင်အောင် ကူညီကြပါစို့။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးဉာဏ်ဝင်းကျော်
ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာအထူးကုဆရာဝန်ကြီး
ကျွန်တော်နှင့် ဦးနှောက်စားကြသူများစာအုပ်မှ ကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

