သာမန်စိုးရိမ်စိတ်
25-Feb-2017
သာမန်စိုးရိမ်စိတ် (Normal Anxiety) သည် အသက်အရွယ်မရွေး ဖြစ်နိုင်၏။ ကလေးငယ်အရွယ်တွင် ကျောင်းစတက်သည့်အခါ ဖြစ်တတ်သည့် စိုးရိမ်စိတ်၊ အပျိုလူပျိုအရွယ်တွင် ချစ်ခွင့်ပန်ရာ၌ ဖြစ်ရသည့် စိုးရိမ်စိတ်နှင့် သက်ကြီးရွယ်အိုများတွင် အနာရောဂါနှင့် သေခြင်းတရားကြောင့် ဖြစ်ရသည့် စိုးရိမ်စိတ်များကို လူတိုင်းကြုံတွေ့ ကြရပါမည်။
စိတ်ပညာရှင်များအဆိုအရ ကျွန်တော်တို့တွင် စိုးရိမ်စိတ် အထိုက်အလျောက် ရှိသင့်သည်ဟုဆို၏။ သာမန်စိုးရိမ်စိတ်သည် ကိစ္စတစ်ခု ပြီးမြောက်အောင်မြင်ရေးအတွက် လိုအပ်သည်။ တွန်းအားသဖွယ်ဖြစ်၏။ ဥပမာဆိုသော် ကျောင်းသားတစ်ယောက်အတွက် စာမေးပွဲစိုးရိမ်စိတ်သည် စာကျက်ဖြစ်စေသော တွန်းအားဖြစ်၏။ စိုးရိမ်စိတ်လုံးဝမရှိလျှင် စာကျက်ဖြစ်မှာမဟုတ်ပေ။ စာမကျက်ဖြစ်လျှင် စာမေးပွဲရလဒ်ကောင်းမည် မဟုတ်ပေ။ ထို့အတူ သာမန်စိုးရိမ်စိတ်ထက် ပိုမိုလွန်ကဲနေလျှင်လည်း မကောင်းပေ။
စိုးရိမ်စိတ်များနေလျှင် စိတ်လှုပ်ရှားနေကာ အာရုံစိုက်မရခြင်းနှင့် ပြန်လည် စဉ်းစားမရခြင်းတို့ဖြစ်မည်။ အောင်မြင်မှုအတွက် အတားအဆီးဖြစ်နိုင်ပါသည်။ သို့ဖြစ်ရာ စိုးရိမ်သင့်သလောက် စိုးရိမ်ခြင်းသည် ပြဿနာမဟုတ်ပါ။ လုံးဝမစိုးရိမ်ခြင်းနှင့် စိုးရိမ်စိတ် လွန်ကဲခြင်းတို့သည်သာ ပြဿနာဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာဟန်စိတ်
နှလုံးစိတ်ဝမ်းငြိမ်းချမ်းစေဖို့ စာအုပ်မှ ကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

