စိတ်ကျန်းမာရေးနှင့်ဆက်စပ်ခြင်း
25-Feb-2017
ဘယ်သန်တွေ အများစုက စိတ်ကျန်းမာရေးချို့တဲ့နိုင်ခြေ မြင့်မားတယ်လို့ ၂၀၁၃ ခုနှစ်က ယေးတက္ကသိုလ်မှာ ပြုလုပ်တဲ့ လေ့လာမှုအရ သိရပါတယ်။ ပညာရှင်တွေက စိတ်ကျန်းမာရေး ဆေးရုံမှာရှိတဲ့ စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia) ရှိသူတွေကို လေ့လာခဲ့ရာမှာ ၄၀ ရာခိုင်းနှုန်းက ဘယ်သန်တွေ ဖြစ်နေတာ ကို တွေ့ရ ပါတယ်။ ဘယ်သန်တွေက လူဦးရေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ လေ့လာမှုအရ တချို့စိတ်ရောဂါဝေဒနာတွေဟာ ဘယ်သန်ဖြစ်နေတာနှင့်လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။
ဦးနှောက်စွမ်းရည်ကွာခြားခြင်း
ညာသန်အများစုဟာ ဘာသာစကား လေ့လာရာမှာ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကို အသုံးပြုကြပေမယ့် ဘယ်သန်အများစုဟာ ဦးနှောက်ရဲ့ ညာဘက်အခြမ်းကို အသုံးပြုကြ တယ်လို့တော့ အတိအကျပြောလို့ မရပါဘူး။ ညာသန်တွေရဲ့ ၉၈ ရာခိုင်နှုန်းက ဘာသာစကား လေ့လာရာမှာ ဦးနှောက်ရဲ့ ဘယ်ဘက်အခြမ်းကို အသုံးပြုကြပြီး ဘယ်သန်တွေရဲ့ ၇၀ ရာခိုင်နှုန်းက ဘာသာစကားလေ့လာရာမှာ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းကို အသုံးပြုကြပါတယ်။ ဘယ်သန် ၃၀ ရာခိုင်နှုန်းက ဦးနှောက်ရဲ့ ညာဘက်ခြမ်း ဒါမှမဟုတ် ဦးနှောက်နှစ်ခြမ်းစလုံး အသုံးပြုကြတာကို တွေ့ရပါတယ်။ ဘယ်သန်တွေက ညာသန်တွေထက် ဘာသာစကားလေ့လာရာမှာ ပိုပြီးအတတ်မြန် ပါတယ်။ စိတ်ခံစားမှု၊ တေးဂီတအပေါ် ခံစားမှုနဲ့ စိတ်ခံစားမှုကြောင့်ဖြစ်လာတဲ့ မျက်နှာပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေမှာတော့ ကွာခြားတာ သိပ်မတွေ့ရပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.282, January 2016, Pg. 115
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

