ကိုယ့်ကိုကိုယ် သတ်သေမှုကို ကာကွယ်နိုင်မည့် သွေးစစ်ဆေးနည်း
25-Feb-2017
ကိုယ့်ကိုကိုယ် သတ်သေခြင်းရှိ၊ မရှိ ခန်းမှန်းနိုင်မည့် သွေးစစ်ဆေးမှုတစ်ခုကို သိပ္ပံပညာရှင်တို့က တီထွင်ခဲ့ကြကြောင်း သိရသည်။စိတ်ဖိစီးမှုကြောင့် ဓာတ်တစ်မျိူးထွက်ရှိစေပြီး SKA2 ဆိုသည့် မျိုးရိုးဗီဇကို ပြောင်းလဲသွားစေနိုင်ကြောင်းနှင့် ကိုယ့်ကိုကိုယ် သတ်သေ လိုစိတ်ရှိသူတို့သည် ထိုမျိုးဗီဇပမာဏ လျော့နည်းနေကြောင်း သိပ္ပံပညာရှင်တို့က တွေ့ရှိ ခဲ့ကြသည်။ ထိုပြောင်းလဲမှုအပေါ် အခြေခံပြီး လူတစ်ယောက်၏ ကိုယ့်ကိုကိုယ် သတ်သေနိုင်ခြေကို သွေးစစ်ဆေးမှုအရ ဆရာဝန်တို့က ခန့်မှန်းနိုင်လိမ့်မည် ဖြစ်ကြောင်း သိပ္ပံပညာရှင်တို့က ဆိုသည်။
SKA 2 မျိုးဗီဇကြောင့် ဦးနှောက်၏ အစိတ်အပိုင်းတစ်ခု Prefrontal cortex တွင် သက်ရောက်မှုရှိပြီး အဆိုပါ အစိတ်အပိုင်းသည် အဆိုးမြင် အတွေးများကို ဟန့်တားကာ စိတ်လိုက်မာန်ပါပြုမူတတ်သည့် အမူအကျင့်များကို ထိန်းချုပ်ပေးတတ်သည်။ ထိုမျိုးဗီဇ သည် စိတ်ဖိစီးမှုဆိုင်ရာ ဟော်မုန်းများကို ဆဲလ်၏ နယူးကလီယပ်စ်ထဲထည့်ပြီး စိတ်ဖိစီးမှု အဆင့်ကို ဖိနှိပ်လေ့ရှိသည်။
SKA 2 မျိုးရိုးဗီဇအလုံအလောက် မရှိလျှင် စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောကို ဦးနှောက်ထဲတွင် ထိန်းချုပ်နိုင်ခြင်း မရှိသဖြင့် ကိုယ့်ကိုကိုယ် သတ်သေလိုသော အတွေးများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ “ ကိုယ့်ကိုကိုယ် သတ်သေတာက ကာကွယ်လို့ ရတဲ့ ပြည်သူ့ကျန်းမာရေး ပြဿ နာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ် သတ်သေချင် စိတ် မြင့်တက်နေသလားဆိုတာကို ခန်းမှန်းနိုင်တဲ့ စစ်ဆေးမှုလိုအပ်နေပါတယ်” ဟု လေ့လာသူတို့က ဆိုသည်။
လေ့လာသူတို့က ကိုယ့်ကိုကိုယ် သတ်သေခဲ့ကြသူတို့၏ သွေးနမူနာထဲမှ SKA 2 မျိုးဗီဇအပြောင်းအလဲကို ဆန်းစစ်ခဲ့ကာ ကျန်းမာသူတို့ နှင့် နှိုင်းယှဉ်ခဲ့ကြ သည်။ လေ့လာ မှုရလဒ်အရ ကိုယ့်ကိုကိုယ် သတ်သေကြသူတို့သည် SKA 2 မျိုးဗီဇ သိသိသာသာ လျော့ ကျနေကြကြောင်း တွေ့ရှိခဲ့ရသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Arogyam magazine, No.266, September 2014, Pg.132
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

