Print

ဘီပိုးကာကွယ်ဆေးထိုးပြီး အောင်မအောင်ပြန်စစ်ဖို့ လိုသလား

  14-Jun-2017
Preview Image

ဒီတစ်ပတ် ဗုဒ္ဓဟူး ကူးစက်ခေါင်းစဉ်အတွက် ဆရာရွေးထားတာကတော့ အမေးများတဲ့ မေးခွန်းဖြစ်တဲ့

“ ဘီပိုးကာကွယ်ဆေးထိုးပြီး အောင်မအောင်ပြန်စစ်ဖို့ လိုသလား” ဖြစ်ပါတယ်။


      ဘီပိုးကာကွယ်ဆေးထိုးပြီးရင် အောင်မအောင်လို့ခေါ်တဲ့ ကိုယ်ခံအား(Antibody) ပေါ်မပေါ် ပြန်စစ်ဖို့ လိုမလိုဆိုတာ မကြာခဏ မေးလေ့ရှိပါတယ်။ 


       တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မေးမယ်ဆိုရင်တော့ ဘီပိုးကာကွယ်ဆေး သုံးလုုံးထိုးပြီးရင် အောင်မအောင် Antibody ပြန်စစ်ဖို့ မလိုပါဘူးလို့ပဲ ပြောရပါမယ်။ 


      ဒါပေမဲ့ တစ်ဦးချင်းအနေနဲ့ လာမေးမယ်ဆိုရင်တော့ ဘီပိုးကာကွယ်ဆေး နောက်ဆုံးအလုံးထိုးပြီး တစ်လအကြာမှာ အောင်မအောင် Antibody ပြန်စစ်သင့်ပါတယ်။ 


      Antibody ဟာ ၁၀၀၀ အောက်ဆိုရင် ၁လုံးပြန် ထိုးသင့်ပါတယ်။


      ဘီပိုးကာကွယ်ဆေးထိုးပြီး ၅ နှစ်ကြာရင် ဘီပိုးကာကွယ်ဆေး တစ်လုံးပြန်ထိုးရမယ်ဆိုတာလည်း မဟုတ်ပါဘူး။ 


      တကယ်တော့ Antibody ကို ပြန်စစ်သင့်ပါတယ်။ Antibody က ၁၀၀၀ ကျော်နေရင် ဘီပိုးကာကွယ်ဆေးထိုးပြီး ၅နှစ်မကလို့ ဘယ်လောက်ပဲ ကြာကြာ ပြန်ထိုးစရာမလိုပါဘူး။


Dr. Archer ( 7887 Healthcare call Center)

Ref: ပါမောက္ခ ခင်မောင်ဝင်း (အသည်း)



Related Articles


Advertisment 18