Print

မိခင်ကနေကလေးကို ဘီပိုးမကူးအောင်ကာကွယ်နည်း

  03-May-2017
Preview Image


 ဘီပိုးရှိတဲ့ မိခင်ကနေ ကလေးကို မကူးဖို့ နည်းသုံးနည်းနှင့် တားဆီးရပါမယ်။

• ဘီပိုးရှိတဲ့ မိခင်ကို ကိုယ်ဝန် ၃၂ ပတ်ရောက်ရင် တင်နိုဖိုဗီယာ (Tenofovir) ဘီပိုးသေဆေးကို အနည်းဆုံး ကလေး အသက်တစ်နှစ်ပြည့်တဲ့အထိ တိုက်ရပါမယ်။ 

• နောက်ကာကွယ်ရေးတစ်နည်းကတော့ မွေးလာတဲ့ ကလေးကို ၂၄ နာရီ အတွင်းမှာ

• ဘီပိုးကာကွယ်ဆေးထိုးရပါမယ်။

• နောက်ပြီးတော့ ဘီပိုးသေဆေး Hepatitis B Immune Globulin (HBIG) ကိုလည်း ထိုးပေးရပါမယ်။ တစ်လုံးထိုးရုံနဲ့ လုံလောက်ပါတယ်။ HBIG ဆေးထိုးလိုက်ပြီး ၁၅ မိနစ်အတွင်းမှာ ကိုယ်ခံအား အင်တီဘော်ဒီ Antubody ဟာ သွေးထဲကို ရောက်သွားမှာပါ။


ဘီပိုးကာကွယ်ဆေးကတော့ ဆေးထိုးပြီး တစ်လလောက်ကြာမှ ကိုယ်ခံအား အင်တီဘော်ဒီ ပေါ်ပါတယ်။ အဲဒီတော့  မွေးပြီးပြီးချင်း ကလေးကို ဘီပိုးမကူးစက်အောင် ကာကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် ဘီပိုးကာကွယ်ဆေးကို ကိုယ်ခံအား ချက်ချင်းရရှိစေနိုင်တဲ့ HBIG နဲ့ တွဲပြီး သုံးရတာပါ။ HBIG ကနေ ချက်ချင်းတက်စေတဲ့ ကိုယ်ခံအားဟာ တစ်လလောက်ကြာရင် ကုန်သွားပါတယ်။ အဲဒီအခါမှာ ဘီပိုးကာကွယ်ဆေးထိုးလို့ တက်လာတဲ့ ကိုယ်ခံအားက ဆက်လက်တာဝန်ယူစောင့်ရှောက်ကာကွယ် သွားမှာပါ။ ပြန်ပြီးခြုံပြောရမယ်ဆိုရင် မိခင်ကနေ ကလေးကို ဘီပိုးမကူးအောင် 

• မိခင်ကို ကိုယ်ဝန် ၃၂ ပတ်မှာ ဘီပိုးသေဆေး တင်နိုဖိုဗီယာတိုက်

• ကလေးကိုမွေးပြီး ၂၄ နာရီအတွင်းမှာ 

ဘီပိုးကာကွယ်ဆေးထိုး

ဘီပိုးသေဆေး HBIG ထိုးပေးပါ။ 

ဒီလို နည်းသုံးနည်းနှင့် ကာကွယ်မယ်ဆိုရင် ဘီပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးကို ဘီပိုးမကူးစက်အောင် ၉၀ ရာခိုင်နှုန်းလောက် ကာကွယ်ပြီးသားဖြစ်ပါသည်။ 


Credit:

ပါမောက္ခခင်မောင်ဝင်း (အသည်း)



Related Articles


Advertisment 18