Print

ဦးနှောက်အမြှေးရောင်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်

  24-Feb-2017
Preview Image

၁။ ကလေးရဲ့လက်ကို မကြာခဏ ဆေးကြောပေးပါ။ တစ်နာရီအတွင်း နှစ်ကြိမ် သုံးကြိမ်လောက် ဆပ်ပြာနဲ့ စနစ်တကျဆေးတာမျိုး ပြုလုပ်ပေးပါ။ အိမ်သာ အသုံးပြုပြီး တဲ့အခါ၊ နှာချေချောင်းဆိုးတဲ့အခါ၊ ရှောပင်ထွက်ပြီးပြန်လာတာ၊ ဘတ်စ်ကား၊ ရထား စတာတွေ စီးပြီးပြန်လာတဲ့အခါမျိုးမှာလည်း လက်ဆေးပေးပါ။

 

၂။ ဖျားနာနေတဲ့သူတွေနဲ့ ထိတွေ့မိတာမှရှောင်ပါ။ နမ်းရှုပ်တာ၊ ပွေ့ဖက်တာ၊ အစာတူတူစားတာ၊ ပစ္စည်းတွေ အတူတကွ သုံးစွဲတာမျိုးမှရှောင်ပါ။

 

၃။ ကျန်းမာရေး ကောင်းအောင်နေပါ။ ပြည့်ပြည်ဝဝအနားယူတာ၊ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစာတွေ သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစတာတွေကို ကလေးတွေကိုကျွေးပါ။

 

၄။ အိမ်တွင်း အိမ်ပြင်နဲ့ မိမိအလုပ်လုပ်တဲ့ နေရာတွေကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။

 

၅။ မျက်နှာ၊ ပါးစပ်၊ နှာခေါင်းစတာတွေကို လက်မဆေးရသေးရင် မထိဖို့ ကလေးတွေကို သင်ပေးထားပါ။

 

၆။ လက်သည်းကိုက်တာမှလည်း ရှောင်ကြဉ်ဖို့ သတိပေးပါ။ ဘာလို့လည်းဆိုတော့ အဖျားရောဂါဖြစ်စေတဲ့ ပိုးမွှားတွေက လက်သည်းကတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်လို့ပါ။

 

၇။ အိပ်ရေးဝဝအိပ်ဖြစ်အောင် တိုက်တွန်းပေးပါ။ အိပ်ရေးပျက်တာက ကိုယ်ခံအားစနစ်ကို ထိခိုက်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်တဲ့ အအေးမိ၊ နှာစေးရာမှတစ်ဆင့် ဦးနှောက်အမြှေးရောင်တဲ့အထိ ဖြစ်စေနိုင်လို့ ဖြစ်ပါတယ်။

 

၈။ ခြင်နဲ့ အင်းဆက်ပိုးကောင်တွေ အကိုက်မခံရအောင် ဂရုစိုက်ပေးပါ။

 

၉။ မကျက်တကျက် ချက်ထားတဲ့အစာတွေ၊ လမ်းဘေးက မသန့်ရှင်းတဲ့အစာတွေကို ကလေးတွေကို ဝယ်မကျွေးပါနဲ့။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.282, January 2016, Pg. 42



Related Articles


Advertisment 18