သန္ဓေတားနည်း နဲ့ကူးစက်ရောဂါဆိုင်ရာ သိကောင်းစရာ
31-Oct-2016
ကိုယ်ဝန်တားခြင်းနဲ့ လိင်ကူးစက်ရောဂါနဲ့ ပတ်သက်လာရင် ၁၀၀% ထိရောက်မှုရှိတဲ့ အချက် တစ်ခုသာ ရှိပါတယ်။ အဲဒါ အပျော်အပါး လိုက်စားမှု ရှောင်ခြင်းပါပဲ။ လိင်ကိစ္စ စိတ်အားထက်သန်သူ တစ်ကိုယ်ရေတစ်ကာယသမားတွေအတွက် အကောင်းဆုံးသန္ဓေတားနည်းက ဘာဖြစ်မလဲ။ ကိုယ်ဝန်ကို နည်းလမ်းမျိုးစုံနဲ့ တားနိုင်ပေမယ့် လိင်ပျော်ဖက်များရင် ကွန်ဒုံးသုံးတာက ကူးစက်ရောဂါတွေ ကာကွယ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ကွန်ဒုံးက အမြဲပင် လူသိများ ထင်ရှားပါတယ်။ ရာဘာစေးနဲ့လုပ်ထားပြီး အမျိုးသားနဲ့ အမျိုးသမီးသုံး ပုံသဏ္ဍာန်များနဲ့ ရနိုင်တဲ့ ကွန်ဒုံးတွေဟာနှစ်ဦးနှစ်ယောက်ကြား ခန္ဓာကိုယ် အရည်ဖလှယ်မှုကို တားဆီးပေးတယ်။ အမြောင်းအမြောင်းဖော် ထားတာတွေကစ အလွန်အမင်းပါးလွှာတာ၊ အနံ့အရသာသင်းပြီးဖျော့တော့တော့အရောင်မျိုးအထိပါ အမျိုးအစားစုံလင်စွာရှိပြီး စိတ်ကြိုက်အရွယ် အစားကို ရွေးချယ်နိုင်တယ်။
Healthcare.com.mm
Ref:
ဖိုးသူတော်
Credit : Trend Myanmar
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

