Print

ကလေးငယ်များနဲ့ ဗိုက်အောင့်ခြင်း

  04-Aug-2018
Preview Image


ချော့မရ ပြုမရနဲ့ ငိုနေပြီ၊ နောက်ကိုကော့ပြီး အော်နေပြီ၊ တံတွေးတွေ ထွေးထုတ် နေပြီဆိုရင် ထိပ်ဆုံးက ဖြစ်နိုင်ချေရှိတာကတော့ သူကလေး ဗိုက်အောင့်နေပါပြီ။ စားချဉ့်ပြန်ခြင်း၊ အစာမှားခြင်း (သို့) ဗိုင်းရပ်စ်ပိုးတွေကြောင့် ဗိုက်အောင့်နိုင်ပါတယ်။ အသက်တစ်နှစ်ကျော်တဲ့ ကလေးတွေမှာတော့ မြင်မြင်ရာ ပါးစပ်ထဲ ထည့်ကောက်စား တဲ့အခါ အစာအိမ်က လက်သင့်မခံနိုင်တာကြောင့်လည်း အောင့်တတ်ပါတယ်။ ဗိုက်အောင့်ခြင်းအများစုဟာ အန္တရာယ် ကြီးကြီးမားမားမရှိဘဲ သူ့ဟာသူ သက်သာသွား တတ်ပါတယ်။ မသက်သာသွားတဲ့အပြင် အန်မယ်၊ ဝမ်းပျက်မယ်၊ နုံးလာမယ်၊ ကိုယ်ပူချိန်တိုးလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသတိုင်ပင်ရပါမယ်။ ဗိုက်အောင့်ခြင်း နောက်တစ်မျိုးကတော့ တစ်နှစ်အောက်ကလေးငယ် လေးတွေမှာဖြစ်တတ်တဲ့ လေအောင့်ခြင်းပါပဲ။ သူ့ရဲ့လက္ခဏာကတော့ ကလေးက အငိုလုံးဝမတိတ်ဘဲ တအီအီနဲ့ အကြာကြီး ငိုနေတာပါ။ လေအောင့်ခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ရင်သွေးငယ်လေး မျိုချလိုက်မိတဲ့ လေတွေကြောင့်ဖြစ်တဲ့အတွက် ကလေးကိုနို့တိုက်တဲ့အခါ ဖြည်းဖြည်းတိုက်ပါ။ နို့တိုက်ပြီးတိုင်း ကလေးကို ပခုံးပေါ်မှောက်တင်ကာ ကျောကုန်းလေးကို ညင်သာစွာ ပွတ်သပ်ပြီး လေထုတ်ပေးပါ။ အသက် တစ်နှစ်
အထက် ကလေးတွေမှာတော့ အမျှင်များတဲ့၊ အဆီများတဲ့ အစားအစာတွေကလေအောင့်စေပါတယ်။

ကလေးများနှင့် ပျို့ခြင်း၊ အန်ခြင်း
ကလေးကို အစာကျွေးတိုင်း အော့ထုတ်ပစ်မယ်၊ အန်လည်း အန်မယ်၊ ဝမ်းလည်းလျှောမယ်ဆိုရင်တော့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်နိုင်ပါတယ်။ အန်တဲ့ အခါမှာ ခန္ဓာကိုယ်ထဲက အရည်နဲ့ ဓာတ်ဆားတွေ ထွက်ကုန်တဲ့အတွက် ပြန်လည်ဖြည့်တင်းပေးဖို့ လိုပါတယ်။ ဓာတ်ဆားရည်ကို နည်းနည်းစီနဲ့ ခဏခဏ တိုက်ပေးပါ။ သုံးနာရီလောက်ကြာလို့မှ မသက်သာဘဲ ဆက်တိုက် အန်နေမယ် (သို့) ကိုယ်ပူမယ် (သို့) ဓာတ်ဆားတိုက်လို့ မရဘူးဆိုရင်တော့ ဆရာဝန်ဆီကိုသာ အပြေးသွားပြီး ပြသတိုင်ပင်ပါ။


Ref:
Health Magazine Myanmar



Related Articles


Advertisment 18