ချက်ကြိုးကို နောက်ကျဖြတ်လျှင်
28-Feb-2017
သားသမီးမွေးဖွားပြီး ချက်ကြိုးမဖြတ်မီ ကလေးငယ်ကို မိခင်ရင်ခွင်၌ ထားပေးနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ထုတ်တင်ပြလိုက်သည်။ ကလေးမွေးပြီး ချက်ကြိုးကို ချက် ချင်းဖြတ်ခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် မိနစ်အနည်းငယ်ကြာပြီးမှ ချက်ကြိုးဖြတ်ကြသည်။ ထိုသို့ မိနစ်အနည်းငယ်စောင့်ခြင်းမှာ အချင်းမှ သွေးများကို ရင်သွေးငယ်ထံ သွေးများ ပိုမိုဝင်ရောက်စေရန် စောင့်ဆိုင်းခြင်းသဘောဖြစ်သည်။ကလေးငယ်ထံသို့ သွေးများစီးဝင်လာစေရန် မွေးလမ်းကြောင်းထက်နိမ့်အောင် ကလေးငယ်အားထားပြီး မြေဆွဲအားဖြင့် ဝင်ရောက်စေခြင်းဟု လက်ခံခဲ့ကြသော်လည်း မိခင်၏ ရင်ခွင်၌ ကလေးငယ်ထားလျှင်လည်း အချင်းမှသွေးများ ကလေးငယ်ထဲသို့ သွေးများစီးဝင်နိုင်ကြောင်း တွေ့ရှိရသည်။ “The Foundation for Maternal and Child Health in Buenos Aires, Argentina မှ Dr Nrstor E Vain က ကလေးမွေးဖွားပြီးနောက် သားအိမ်သည် ကလေးငယ်ထံ စီးဝင်သွားနိုင်သည်ဟု ပြောကြားခဲ့သည်။
ကိုယ်ဝန်၏ နောက်ဆုံးသုံးလတွင် ကလေးငယ်၏သွေး၌ သုံးပုံတစ်ပုံမှာ အချင်းအတွင်း၌ လှည့်ပတ်နေခြင်းဖြစ်သည်။ အဆိုပါသွေးများကို ကလေးငယ်မွေးပြီးနောက် အချင်းတွင်မကျန်ရစ် စေဘဲ ကလေးထံ ပိုမိုရောက်ရှိသွားစေရန် ချက်ကြိုးကို တစ်မိနစ်မှလေးမိနစ်ထိ
စောင့်ဆိုင်းပြီးမှ ချက်ကြိုးဖြတ်ရန် ညွှန်ကြားခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် ကလေးငယ်၌ သံဓာတ်ချို့တဲ့သော သွေးအားနည်းခြင်းကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ အာရုံကြောဖွံ့ဖြိုးမှု အတွက်လည်း ကောင်းမွန်စေနိုင်မည်ဖြစ်သည်။ချက်ကြိုးကို နောက်ကျမှဖြတ်ခြင်းသည် အလွန်အရေးကြီးကြောင်း ဆရာဝန်များက သိရှိနားလည်ကြသည်။ ကလေးငယ်များကို မိခင်ရင်ခွင်၌ ထားပေးခြင်းသည် မိခင်နှင့် ရင်သွေးတို့၏ သံယောဇဉ်နှောင်ကြိုးကို ရစ်ပတ်စေနိုင်သည်။ ရင်သွေးငယ်က မိခင်နို့စို့ခြင်းဖြင့် အောက်ဆီတိုစင် (Oxytocin) ဟော်မုန်းထွက်ပြီး သားအိမ်ကို ကျုံ့သွားစေကာ အချင်းကွာစေရန် အထောက်အကူဖြစ်သည်ဟုဆိုသည်။
Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးဆိုင်ရာ သတင်းနှင့်ဗဟုသုများ စာအုပ်မှကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

