နို့စို့ကလေးငယ်အား ရေတိုက်ဖို့ရန်လိုပါသလား
24-Feb-2017
မလိုပါ။ မိခင်နို့တွင် ရေဓာတ် လုံလောက်စွာ ပါပါသည်။ ရေတိုက်ချင်သော မိခင်များ၏ အကြောင်းရင်းကို ဆွေးနွေးကြည့်ရာတွင် သုံးချက်ခန့် တွေ့ရသည်။
ပူပြင်းသော ဒေသတွင် မိခင်နို့က ရေမျှဖြင့် မလောက်နိုင်ဟု ယူဆခြင်း
သုတေသနများကတော့ သဲကန္တရာအတွင်း နေထိုင်သော မိခင်များ၏ ရင်သွေးများပင်လျှင် ရေမပါဘဲ မိခင်နို့နှင့် ပုံမှန် သွေးပျစ်နှုန်း၊ ဆီးပျစ်နှုန်း ရှိနေကြကြောင်း ဖော်ပြကြရာ အညာမှာပဲ နေနေ၊ တောင်ပေါ်မှာပဲနေနေ ကလေးကို ရေတိုက်စရာ မလိုကြောင်း တွေ့ရသည်။
ကလေး အသားဝါမည်ဆိုးသဖြင့် ရေတိုက်ထားလိုခြင်း
ကလေးအသားဝါခြင်းသည် ပုံမှန် သွေးလဲခြင်း (သန္ဓေသား သွေးပျစ်နှုန်းမှ မွေးကင်းစ သွေးပျစ်နှုန်းသို့ ပြောင်းလဲခြင်း) ကြောင့် သော်လည်းကောင်း၊ မိခင်နှင့် ကလေး သွေးအုပ်စု ပဋိပက္ခဖြစ်ခြင်း၊ မွေးရာပါ အင်ဇိုင်းအချို့ ချို့တဲ့ခြင်း၊ သွေးအတွင်း ပိုးဝင်ရောက်ခြင်းတို့ကြောင့် ဖြစ်လေ့ရှိပြီး Unconjugated bilirubin ခေါ် ရေတွင် မပျော်ဝင်နိုင်ဘဲ ဆီတွင်သာ ပျော်ဝင်နိုင်သော အဝါဓာတ်တစ်မျိုး တက်ခြင်းဖြစ်သည်။ ကလေးကြီးများ၊ လူကြီးများ အသည်းရောင်လျှင် တက်သော ဓာတ်မှာ conjugated bilirubin ခေါ် ရေတွင် ပျော်ဝင်သော ဓာတ်ဖြစ်၍ အရည်များများ တိုက်လျှင် အကျမြန်သော်လည်း မွေးကင်းစ ကလေးတွင်မူ ဒီလိုလုပ်၍ မရပါ။
မွေးကင်းစကလေး အသားဝါခြင်းသည် လူကြီးမျာဒ အသည်းရောင်သလို ကူးစက်ရောဂါ မဟုတ်မူ၍ ဆေးရုံမှာ မွေးလျှင် အသားဝါ ကူးတတ်သည်ဆိုသော ရပ်ကွက်ထဲမှ ဉာဏ်ကြီးရှင်များ၏ စကားကိုလည်း မယုံသင့်ပါ။ ဆေးရုံမှာ မွေးတော့ ဝါလျှင် ဝါချင်း သိပြီပေါ့။ ကလေးဆရာဝန်က ကြည့်နေတာကိုး။ သိတော့ လိုအပ်လျှင် မီးချောင်းပြ၊ (နေမပြရ) သွေးလိုအပ်လျှင်လဲ၊ ကလေးက ကောင်းမှာပေါ့။ ဝါလို့ မသိဘဲ လုပ်သင့်တာ နောက်ကျသွားသည့် ကလေးများတွင်သာ အဆီတွင် ပျော်ဝင်တတ်သည့် အဝါဓာတ်က ဦးနှောက်အောက်ခြေရှိ အဆီပြင်ကို ဖျက်မရအောင် စွန်းထင်းသွားတတ်သဖြင့် Cerebral plsy ခေါ် ဒုက္ခိတ ကလေးများ ဖြစ်သွားတတ်သည့် အန္တရာယ် ရှိခြင်းပါ။
Healthcare.com.mm
Ref:
ပါမောက္ခ ရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစုစောင့်ရှောက်နည်းများ
စာအုပ်မှကောက်နှုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

