Print

ဝမ်းမမှန်ဘူးလား ဒါတွေစား

  18-Jun-2019
Preview Image

အစာခြေအင်္ဂါအဖွဲ့အစည်း ကောင်းကောင်းအလုပ်လုပ်ပြီး ဝမ်းချုပ်တာမဖြစ်စေဖို့ ဝမ်းနုတ်ဆေး၊ ဝမ်းပျော့ဆေးအကူအညီ ယူနေရသူတွေအတွက် အစာလည်းဆေး၊ ဆေးလည်းအစာဖြစ်တဲ့ သဘာဝဝမ်းမှန် အစားအစာတွေအကြောင်း သိထားရအောင် မျှဝေချင်ပါတယ်။ ဝမ်းမှန်ဖို့အတွက် အဓိကအရေးကြီးဆုံးက နေ့စဉ်ရေများများ သောက်ဖို့လိုပြီး ရေဓာတ်နဲ့ အမျှင်ဓာတ်များတဲ့အ စားအစာတွေ ရွေးချယ်စားသောက်ဖို့ လိုအပ်တာကြောင့် ပုံမှန်စားပေးသင့်တာလေးတွေကို ဖော်ပြလိုက်ပါတယ်။

နှမ်းကြတ်စေ့ -အမျှင်ဓာတ်နဲ့ အိုမီ ဂါ ၃ ဖက်တီးအက်စစ်ကြွယ်ဝတာကြောင့် အစာကောင်းကောင်း ချေဖျက်နိုင်ဖို့ ထောက်ကူပါတယ်။ နှမ်းကြတ်စေ့မှုန့်လက်ဖက်ရည် ဇွန်း ၂ ဇွန်းနဲ့ ရေတစ်ဖန်ခွက်ကို မနက်၊ ညပုံမှန်သောက်ရင် ဝမ်းမှန်စေပါတယ်။

ဆီးသီးခြောက် - မက်မန်းနဲ့ဆင်တဲ့ ဆီးသီးခြောက်ကို တစ်နေ့ခြောက်လုံး၊ ခုနစ်လုံးစားပေးတာ ဒါမှမဟုတ် မနက်စောစော အစာမစားခင် ဆီးသီးခြောက်ဖျော်ရည်တစ်ခွက်လောက် သောက်နိုင်ပါတယ်။

ရှားစောင်းလက်ပပ် - မနက်စောစော အစာမစားခင်မှာ ရှားစောင်းလက်ပပ်ဂျယ်လီကို ခြစ်ယူပြီး ရေနဲ့သော်လည်းကောင်း၊ အသီးဖျော်ရည် တစ်ခုခုနဲ့ရောပြီးတော့ သော်လည်းကောင်း သောက်နိုင်ပါတယ်။

ကြက်ဆူဆီ - ကြက်ဆူဆီလက် ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ လိမ္မော် ရည်တစ်ခွက်ရောပြီးသောက်ရင်လည်း ဝမ်းမှန်စေပါတယ်။ တစ်ခုသတိထားရမှာက ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ဓမ္မတာလာချိန်တွေမှာ သောက်ဖို့ မသင့်လျော်ပါဘူး။ အကောင်းဆုံးကတော့ ကြက်ဆူဆီသောက်မယ် စိတ်ကူးရင် ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

သင်္ဘောသီး - သင်္ဘောသီးမှည့် ဒါမှမဟုတ် သင်္ဘောသီးဖျော်ရည်က အစာချေဖျက်မှုလုပ်ငန်းစဉ်ကို အကောင်းဆုံး ထောက်ကူပေးပြီး ဗီတာမင်တွေ၊ အမျှင်ဓာတ်တွေရေဓာတ်တွေ အပြည့်အဝပါဝင်ပါတယ်။

သဖန်းသီး၊ ကတွတ်သီး - အသီးစို၊ အသီးခြောက် ဘာပဲစားစား ဝမ်းမချုပ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ပန်းသီး - ဝမ်းမှန်ဖို့အတွက်ဆိုရင် ဖျော်ရည်ရော၊ အသီးရောနှစ်မျိုး စလုံးကူညီပေးနိုင်ပါတယ်။ တစ်နေ့ကို ပန်းသီးနှစ်လုံး၊ လတ်လတ်ဆတ်ဆတ် ပန်းသီးဖျော်ရည်တစ်ခွက် နေ့စဉ်သောက်ပေးသင့်ပါတယ်။

ပန်းသစ်တော် -အရည်လည်းရွှမ်း၊ အမျှင်ဓာတ်လည်း ပြည့်ဝတဲ့ ပန်းသစ်တော်သီးတွေဟာ အူလမ်းကြောင်းရှင်းစေပြီး ဝမ်းမှန်စေပါတယ်။ အသီးအတိုင်းသာမက ဖျော်ရည်ကြိုက်ရင်လည်း ပုံမှန်တစ်နေ့တစ်ခွက် သောက်နိုင်ပါတယ်။

ရုံးပတီသီး - တစ်မူထူးတဲ့ စွမ်းရည်သတ္တိတွေရှိတဲ့ ရုံးပတီသီးပုံ မှန်စားပေးရင်လည်း အူလမ်းကြောင်းရှင်း၊ ဝမ်းချုပ်ခြင်းကင်းပြီး ကျန်းမာစေပါတယ်။

Credit : 7day Daily


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18