Print

Chronic Myeloid Leukaemia (CML) သွေးကင်ဆာ

  13-Aug-2018
Preview Image

Chronic myeloid leukaemia ရောဂါသည် ပင်မဆဲလ် (Stem cell) မှ အရွယ်မရောက်သေးသော သွေးဖြူဥဆဲလ်များကို အမြောက်အမြားထုတ်သောကြောင့် သွေးနီဥနှင့် သွေးဥမွှားများနည်းလားပြီး သွေးအားနည်းခြင်းကို ဖြစ်စေသည်။ အရွယ်မရောက်သေးသော သွေးဖြူဥများက ရောဂါကို မကာကွယ်နိုင်သောကြောင့် ရောဂါများ ကူးစက်လွယ်စေသည်။ 

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ အနေဖြင့်

- ပင်ပန်းလွယ်ခြင်း၊ မောခြင်း

- ကိုယ်အလေးချိန် လျော့ကျသွားခြင်း

- ရောဂါပိုးများ ဝင်လွယ်ခြင်းကြောင့် နှာစီးချောင်းဆိုး ဖြစ်လွယ်ခြင်း

- အရိုးနှင့် အဆစ်များနာကျင်ခြင်း

- အသည်းနှင့် ဘေလုံးများကြီးလာခြင်းကြောင့် ဝမ်းဗိုက်တင်းခြင်း

အထက်ပါ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့်တိုင်ပင်ကာ အမြန်ဆုံးစစ်ဆေး ကုသမှုခံယူသင့်သည်။

ရောဂါ ပိုမိုဆိုးရွားလာပါက ပင်ပန်းနွမ်းနယ်ခြင်း၊ အရိုးများ နာကျင်ခြင်း၊ ညဘက်တွင် ချွေးထွက်ခြင်း၊ ဖျားခြင်းနှင့် အလွယ်တကူ သွေးချည်ဥခြင်းတို့ ပိုမိုသိသာလာတတ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားတို့ကို ထုတ်လုပ်ပေးသော ပင်မဆဲလ်တွင် DNA Mutation ခေါ် ပြောင်းလဲခြင်းကြောင့် ဖြစ်သည်။ DNA Mutation ခေါ် ပြောင်းလဲခြင်းကြောင့် အရွယ်မတိုင်သေးသော သွေးဖြူဥ (Immature white blood cell) များစွာကို သွေးထဲသို့ ထုတ်ပေးသည်။ ထိုသွေးဖြူဥများသည် အရွယ်ရောက်ပြီးသော သွေးဖြူဥများ (mature white blood cell) ကဲ့သို့ ရောဂါပိုးများကို မတိုက်ခိုက်န�