Print

ရင်သားကင်ဆာ လွယ်ကူစွာကာကွယ်ပါ

  24-Feb-2017
Preview Image

ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာသိရှိပြီး မပျံ့နှ့ံသေးဘူးဆိုရင် ခွဲစိတ်ကုသလို့ ရတယ်ဆိုပေမယ့် ခံစားရသူအမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေသလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း ကြောက်ခမန်း လိလိပါပဲ။ ဒါတွေကြောင့် အမျိုးသမီးတွေအတွက် ရင်သား ကင်ဆာကို ကြိုတင်ကာကွယ် နိုင်တဲ့ သိပ္ပံနည်းကျ နေထိုင်စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ

နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ ရင်သားကင်ဆာနဲ့ ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ သုတေသနတစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာနေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်သူ အမျိုးသမီးများဟာ သာမန်အမျိုးသမီးများထက် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်းပါသတဲ့။

 

(၂) သဘာဝ အီစထ