Print

ကိုယ်ပူချိန်အလွန်အမင်းကျဆင်းခြင်း

  30-Oct-2016
Preview Image

၁။ကိုယ်ပူချိန်အလွန်အမင်းကျဆင်းခြင်းသည်။ ဆေးသောပတ်ဝန်းကျင်ကြောင့် ဖြစ်လေ့ရှိပါသည်။ သို့သော် ပူသောပတ်ဝန်းကျင်တွင်လည်း ဖြစ်နိုင်ပါသေးသည်။ လူနာသည် ချမ်းတုန်ခြင်း၊ ဖြူဖပ်ဖြူရော်် ဖြစ်ခြင်း၊ အေးစက်နေခြင်းများ ဖြစ်နိုင်ပါသည်။ သတိမမှန်ခြင်းများလည်း ဖြစ်နိုင်ပါသည်။

၂။ နီးစပ်ရာဆေးရုံဆေးခန်းသို့ အမြန်ဆုံးပို့ဆောင်ပါ။

၃။ လူနာကို တဖြေးဖြေးချင်း နွေးထွေးလာအောင် လုပ်ပါ။ အားပေးစကား အဆက်မပြတ်ပြောပေးပါ။ လူနာအား စောင်ခြံုပေးခြင်း၊ ရေနွေးတိုက်ခြင်း၊ ကယ်လိုရီများသော အစားများကျွေးခြင်းတို့ဖြင့် နွေး ထွေးမှုရစေပါ။

ကိုယ်အပူချိန် အလွန်အမင်းကျဆင်းခြင်းဆိုသည်မှာ

-------------------------------------------------------

ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများ ပုံမှန် ဆောင်ရွက်ရန် လိုအပ်သည့်အပူချိန်အောက်သို့ကျဆင်းပြီး ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှု လျော့နည်း ကျဆင်းခြင်းဖြစ်ပါသည်။ အထူးသဖြင့် အရေပြားသို့ သွေးရောက်ရှိမှုကို လျော့နည်းစေပါ သည်။ အေးသောရာသီဥတုတွင် နွေးထွေးစွာနေထိုင်ရန် အခွင့်အလမ်းမရှိပါကကိုယ်ပူချိန်အလွန်အ မင်း ကျဆင်းခြင်း ဖြစ်ပွားတတ်ပါသည်။ သို့သော် ပူသောပတ်ဝန်းကျင်တွင်လည်း ဖြစ်နိုင်ပါသေးသည်။

 

ကိုယ်အပူချိန်အလွန်အမင်းကျဆင်းခြင်း၏ ရောဂါလက္ခဏာများ

-------------------------------------------------------------------

လူနာသည်ချမ်းတုန်ခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ အေးစက်နေခြင်းများဖြစ်ပွားနိုင်ပါသည်။ ၄င်းတို့၏ အသက်ရှူနှုန်းနှေးသွားပြီး အပူချိန်မှာလည်း ၉၅ ဒီဂရီဖာရင်ဟိုက်အောက်သို့ ကျဆင်းနေနိုင် ပါသည်။ ကိုယ်အပူချိန်ကျနေသော လူနာကို စွပ်ပြုတ်(သို့) အခြားနွေးသောအရည်များကို တိုက်ကျွေးနိုင်ပါသည်။ အရက်နှင့် ကဖိန်းပါသော အရည်များကိုမတိုက်ကျွေးရပါ။စောင်မရှိပါကအခြားထူထဲသော အဝတ်စ၊ ပဝါတို့ကို အသုံးပြုနိုင်ပါသည်။လူနာသည် အပြင်ရောက်နေပါက အတွင်းသို့သယ်၍ အဝတ်များစိုစွတ်နေပါက ခြောက်သွေ့ သော အဝတ်များဖြင့် လဲလှယ်ဝတ်ဆင်ပေးပါ။ပလတ်စတစ်၊ သတင်းစာ၊ ကတ်ထူပြားတို့ကိုလည်း ခြံုထားပေးနိုင်ပါသည်။

 

Ref:

ရှေးဦးပြုစုနည်း

၂၀.၁၀.၂၀၁၅

 

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18